DKBA နှင့် အစိုးရတပ်ဖွဲ့တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

DKBA နှင့် အစိုးရတပ်ဖွဲ့တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား
by -
မွန်အေဂျင်စီ

ဒီမိုကရေစီ ကရင် အကျိးပြု တပ်မတော် (DKBA) ကလို့ထူးဘောအဖွဲ့နှင့် အစိုးရတပ် ဖွဲ့ဝင်များ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်းကျေးရွာအနီးတွင် နာရီဝက်ကျော်ကြာအပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့သည်ဟု အနီးကပ်စောင့်ကြည့်နေသည့် မွန်ပြည်သစ်ပါ တီအရာရှိတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ထို့အပြင် နံနက် ရ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်လှိုင်ကျေးရွာအနီး၌ DKBA နှင့် အစိုးရနယ်ခြားစောင့်တပ် BGF တို့ နံနက် ၉ နာရီ အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည် ဟုလည်း ဆိုသည်။

DKBA293

သူက “လက်နက်ကြီးသံတွေကြားနေရတယ်၊ အထိအခိုက်ဒဏ်ရာကျဆုံးသတင်းတွေကိုတော့ လောလော ဆယ်မရနိုင်သေးဘူး၊ ရွာသား တွေ ကျိုက်မရောမြို့ပေါ်ကို ထွက်ပြေးလာတယ်” ဟု ပြောသည်။

ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်း၌ စစ်ဘေးရှောင်ဒေသခံ ၂၀ဝ ဝန်းကျင်ခန့်ရောက်ရှိနေ သည်ဟု ကျိုက်မရောမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

သူက “ ထွက်ပြေးလာတဲ့ရွာသားတွေကို ဘုရားကြီးဝင်းမှာနေရာချပေးထားတယ်၊ မနေ့က ရောက်လာတဲ့ ကရင်တောရွာသားတွေက တိုက်ပွဲဖြစ်နေတာသူတို့ရွာနဲ့ဝေးသွားပြီဆိုတော့ ဒီနေ့မနက်မှာ ပြန်သွားပြီ” ဟု ဆိုသည်။

စက်တင်ဘာ ၂၆ ရက်နံနက် ၁ဝ နာရီခွဲခန့်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တော ကျေးရွာရှိ DKBA ဂိတ်သို့ ခလရ (၂ဝ၈) တပ်ရင်းမှ မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာရာ DKBA က ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်ပါလာ သည့် အစိုးရတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် နှစ်ဖက်တပ်များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ထို့နောက် မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် ခလရ (၂ဝ၈) တပ်ဖွဲ့များ ထပ်မံရောက်ရှိလာရာ ပစ်ခတ်မှုဖြစ်ပေါ် သဖြင့် DKBA တပ်ဖွဲ့များ နေရာပြောင်းရွေ့သွားခဲ့ပြီး ညနေ ၅ ခန့်တွင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ကျိုက်မရော မြို့နယ်နှင့် မုဒုံ မြို့နယ်တို့ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင်များ၏ နေအိမ်ကို စစ်တပ်က ဝင် ရောက်ရှာဖွေကာ သေနတ်သုံးလက်ကို သိမ်းယူခဲ့သည်ဟု မွန်ပြည်နယ် DKBA တာဝန်ခံ ဗိုလ်မှူး စောအောင်ကိုကိုက ပဲခူးတိုင်း ၊ ညောင် လေးပင်မြို့နယ်၌ စက်တင်ဘာ ၂၆ ရက် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း မဇ္ဇျိမသတင်းတွင် ဖေါ်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း မြဝတီမြို့၌ နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBA အဖွဲ့ကို ပစ်ခတ်သဖြင့် ဗိုလ်တစ်ဦး သေဆုံး၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။