တရုတ်သီးနှံများ စျေးတက်သော်လည်း အရောင်းလိုက်နေဆဲ

တရုတ်သီးနှံများ စျေးတက်သော်လည်း အရောင်းလိုက်နေဆဲ
by -
ကေအဲန်ဂျီ

တရုတ်ပြည်သီးနှံများ ယခုရက်ပိုင်းများအတွင်း စျေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း မြစ်ကြီးနား သစ်သီးပွဲရုံများသော်လည်း ရောင်းအားကျဆင်းခြင်းမရှိပဲ ၀ယ်ယူမှုဆက်လက်အားကောင်းဆဲဟု ပွဲရုံ ကိုယ်စားလှယ် တဦးကပြောသည်။

သစ်သီးပွဲရုံကိုယ်စားလှယ် မဆိုင်းဘူက “ရက်ပိုင်းအတွင်းပဲသီးနှံတွေ တစ်ဖာမှာ သုံး၊ လေးထောင်စျေးတက်သွားတယ်” ဟု ပြောသည်။

သီးနှံစျေးနှုန်းမြင့်တက်လာခြင်း၏ အကြောင်းအရာတစ်စိတ်တစ်ပိုင်းအား သီးနှံများရောင်းဝယ် သူ ဒေါ်ဂျာဘောက်က “ရက်ပိုင်းအတွင်း တရုတ်ငွေစျေးတွေလည်းတက်လာတာကြောင့် သီးနှံတွေစျေး တက်လာတာရယ်၊ နောက်အသီးတစ်မျိုးနဲ့ တစ်မျိုးပြောင်းချိန်ရောက်လို့ စျေးတက်လာတာလည်းဖြစ်တယ်၊ ပန်းသီးဆိုအရင်က အကျွတ်သီး ပေါ်ချိန် အခုဆိုပန်းတော့ပန်းသီးပဲ ဒါပေမဲ့ အရင်ရောက်တာမျိုး မဟုတ် တော့ဘူး” ဟု ပြောသည်။

သို့သော်လည်း တရုတ်နှစ်သစ်ကူး ပွဲတော်အချိန်နီးကပ်လာခြင်းနှင့် ရောင်းအားကောင်းနေဆဲဖြစ်ပြီး ဒေသခံများ စားသုံးသောရာသီ ပေါ်သီးနှံတုံးချိန်ဖြစ်ခြင်းကြောင်း ၀ယ်လိုအား ဆက်ရှိနေကြောင်း မဆိုင်းဘူက ပြောသည်။

“ရောင်းအားတော့ကျမသွားဘူးပုံမှန်ပဲ၊ အခုဆိုတရုတ်နှစ်သစ်ကူးနီးလာတော့ သီးနှံတွေရောင်းလို့ ကောင်းတုန်း ပဲ၊ အရင်လတွေက လိမ္မော်သီးပေါ်ချိန်ဆိုတော့လူတွေက ရာသီပေါ်သီးနှံတွေစားကြတယ်၊ သီးနှံစားသုံး ချိန်ကဆက်နေလို့ဖြစ်နိုင်တယ်”

ထိုသို့ ဇန်နဝါရီလကုန်ပိုင်းတွင် နှစ်စဉ်တရုတ်ဘက်မှဝင်လာသော သီးနှံများ စျေးနှုန်းမြင့်တက်နေသော်လည်း ယခုရောက်လာမည့် ဖေဖော်ဝါရီလနှင့်မတ်လများတွင်ပုံမှန်အတိုင်း သီးနှံဝယ်ယူစားသုံးသူများ ဆက်ရှိနိုင်သည်ဟု ပွဲရုံ ကိုယ်စားလှယ်က ခန့်မှန်းသည်။

ပွဲရုံကိုယ်စားလှယ်က “မြစ်ကြီးနားမြို့ပေါ်မှာ အများအားဖြင့် သီးနှံတွေကို တရုတ်လူမျိုးတွေဝယ်စားတာ များတယ်၊ ဒါပေမဲ့အခုဆို ကချင်လူမျိုးတွေသာမက ဒေသခံတွေလည်း အသီးအနှံ အရင်က ထက်ပိုစား လာတာ တွေ့ရတယ်ဒါကြောင့် ရောင်းအားကတော့ ပုံမှန်အတိုင်းဆက်ရှိနေမယ်လို့ထင်တယ်”ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြန့်ချိရောင်းချနေသော တရုတ်သစ်သီးအများပိုင်းကို တရုတ်ပြည် ယင်ဂျန်း၊ ကန်ပိုင်တီ၊ ထိန်ချုန်းဘက်မှ တင်သွင်း ရောင်းချခြင်းဖြစ်ကာပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး၊ သံပုရာသီး၊ ၀က်မြေဥ၊ ၀ါရှင်တန်သီး၊ သစ်ကြားသီး၊ တည်သီးနှင့် ဖရဲသီး တို့ဖြစ် ကြောင်း သိရသည်။