မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရန်မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများနှင့် ဆက်စပ်သည့် တောမြေမှ သဘာဝ ပေါက်ပင်များကို အစဉ်အဆက်က ထင်းအဖြစ် ခုတ်ယူသုံးစွဲ လာခဲ့ကြသော်လည်း ယခုအခါတွင် အဆိုပါတောမှအပင်များကို ထင်းအတွက်ဝယ်သုံးနေကြရသည်ဟု ရွာသားများထံမှသိရသည်။
ယင်းတောမြေကိုအစိုးရမှနှစ်ရှည်ပင်စိုက်ပျိုးမြေအဖြစ်ကုမ္ပဏီများနှင့်ပုဂ္ဂလိများအားလုပ်ပိုင်ခွင့်ချမှတ်ပေးထားသ ဖြင့် တောနှင့်ဆက်စပ်ကျေးရွာများမှာ ထင်းခုတ်ခွင့်မရကြတော့ပဲ လုပ်ခွင့်ရကုမ္မဏီများထံမှ ဝယ်ယူသုံး စွဲနေရသည် ဟုဆိုပါသည်။
ဒီတောကသစ်ပင်တွေရှေးကတည်းက ရွာသားတွေထင်းအတွက် ခုတ်ခွင့်ရလာတော့ အခက်အခဲ မရှိခဲ့ဘူး၊ အခုတော့ ပုဂ္ဂလိကပိုင် ပေးလိုက်တော့ ရွာကလူတွေ ထင်းခုတ်ခွင့်မရှိ တော့ဘူး၊သူတို့ဆီက ထင်းဝယ်သုံးနေရတယ် ဟုကျိုက္မရောမြို့နယ် ကဒုံစစ်ရွာသားတဦးကပြောသည်။
နှစ်ရှည်ပင်စိုက်ပျိုးမြေအဖြစ် ကုမ္မဏီများအား အစိုးရမှပေးလိုက်သည့် အဆိုပါတော ကို အမှီပြု ထင်းခုတ် ခဲ့သည့် ရွာများမှာ မယ်ဂရိုရွာ ၊ကော့ဒွန်းရွာ၊ ကော့ပနောရွာ၊ ကဒုံစစ်ရွာ၊ ကွမ်းငန်းရွာများ နှင့် အနီးပတ်ဝန်းကျင် (၁၅) ရွာ ခန့်ရှိ သည်ဟု ကဒုံစစ်ရွာသား ကပြောသည်။
ယင်းတောသည် အထူးသဖြင့် အင်ပင်အများဆုံး ပေါက်နေပြီး တောနှင့်ဆက်စပ်ရွာ များမှာ မီသွေးဖုတ်လုပ်ငန်း လုပ်ကိုင်ကြသည်။ ၄င်းတို့သည် သစ်ရေး၊ ထင်းရေးအတွက် မပူပင်ရသည့်အပြင် အမိုးအကာအတွက် အင်ဖက် ကိုလည်း သုံးရန်နှင့် အရောင်းဝယ်အလုပ်ရန် အဆင်ပြေပြေ ရရှိနိုင်သည်ဟု ဒေသခံများကပြောသည်။ ယခုအခါ အဆိုပါတောတွင် ရွာခံအချို့နှင့် မုဒုံမြို့နယ်၊သံဖြူဇရပ်မြို့နယ်တို့မှ လုပ်ငန်းရှင်များက ရာဘာစိုက်မည်ဟုပြောဆိုနေကြသည်။
“ အခုအဲဒီတောက အပင်ကြီးအပင်ငယ်တွေကို ထင်းအတွက် ဝယ်မယ်ဆိုရင် သူကိုယ်တိုင်ကခုတ်ရ င်နွားလှည်း တစီးတိုက် အတွက် ကျပ် တစ်သောင်း ၊ ခုတ်လှဲပြီးအပင်တွေကိုဝယ်ရင်နွားလှည်းတစီးတိုက်ကို ကျပ်တစ်သောင်းသုံးထောင်ပေး ဝယ်ယူရတယ် ” ဟု ထင်းဝယ်သူ မယ်ဂရိုရွာသား တဦးက ပြော သည်။
အပင်ကြီးများအထူးသဖြင့် အင်ပင်ကို လုပ်ခွင့်ရ မြေရှင်က ခုတ်ယူထားပြီး ကိုင်းဖျားကိုင်းနားနှင့် အပင်ငယ်များကိုသာ ထင်းအ ဖြစ်ရောင်းချကြသည်ဟု ထင်းဝယ်သူများကပြောသည်။
အပင်များကိုထင်းအဖြစ်ခုတ်ရောင်းလိုက်ပြီး ဖြစ်သဖြင့်ရာဘာစိုက်ဖို့တောခုတ်တောရှင်း လိုက်သလိုဖြစ်ရာ မြေရှင်များမှာ ယင်းအလုပ်တွက်စရိတ်သက်သာသည့်အပြင် ထင်းရောင်းရသည့် အပိုဝင်ငွေပါထပ်ရသဖြင့် အဆင်ပြေနေသည်ဟု သိရသည်။
ရွာသားများအတွက်မူ နောင်တွင် ရာဘာပင်ပင်စိုက်ပြီးသည့်အခါ ထင်းအတွက် အခက်အခဲနှင့်ကြုံတွေ့ရမည့် အရေးကို စိုးရိမ်ရသည်ဟု ကျိုက္မရောမြို့နယ် ကော့ပနောရွာမှအငြိမ်းစားကျောင်း ဆရာ တဦးက ပြောသည်။
နွားလှည်းမရှိသူများအနေဖြင့်ထင်းတိုက်သမားထံမှ နွားလှည်း တစီးတိုက်ကို ကျပ်ငွေတစ်သောင်းခွဲနှင့် လော လောဆယ်တွင်ဝယ်သုံးနေရသလို မရှိဆင်းရဲသားများအနေဖြင့် ရွာအနားကတောစပ်၊ ချောင်းစပ်ရှိ အပင်ငယ်၊ ခြုံပုတ် ငယ်များကို လိုက်ခုက်ပြီး ထင်းအတွက်သုံးနေရသည်ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတောရပ်နေ ပြည်သူများသည် ချက်ပြုတ်ရာမှာလိုအပ်သည့်စွမ်းအင်ကို ထင်းနှင့်မီးသွေးကို အဓိက လောင်စာ အဖြစ်သုံးနေရဆဲဖြစ်သည်။ ထင်းနှင့်မီးသွေးသည် သစ်တောထွက်သစ် သယံဇာတပစ္စည်းဖြစ် သည်။ ထင်းအ စား ထိုးလောင်စာအတွက် လျှပ်စစ်နှင့် ဓါတ်ငွေ့ကိုလုံလောက်စွာမသုံးနိုင်သေးသ၍ သစ်တောထွက် ပစ္စည်းများကို စွမ်းအင်လောင်စာအဖြစ်ဆက်သုံးနေရဦးမည်သာဖြစ် သည် မြန်မာနိုင်ငံ တွင်သစ်တောထွက်အပင်များကိုထင်း အဖြစ်အသုံးပြုနေရ၍ သစ်တောပြုန်းတီးမှု၏ ၄၅ ရာခိုင်နှုန်းခန့်ရှိ နေသည် ဟုမြန်မာ့သဘာဝပတ်ဝန်းကျင်လေ့လာသူများက ခန့်မှန်းထားသည်။