သင်္ကြန်နောက်ပိုင်း ထိုင်းသို့ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တိုးများ

သင်္ကြန်နောက်ပိုင်း ထိုင်းသို့ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တိုးများ
by -
မွန်အေဂျင်စီ

 မြန်မာနိုင်ငံ  သင်္ကြန်ပွဲပြန်သည့်  ထိုင်းနိုင်ငံမှ အလုပ်သမားများ  ဘုရားသုံးဆူလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ပြန်ဝင်ရန် နယ်စပ်ဂိတ်များတွင် စည်ကားနေသည်ဟု ဘုရားသုံးဆူမြို့ခံများကပြောပါသည်။

သုံးဆူ-သံဖြူဇရပ်လမ်း၏ ပြေးဆွဲနေသည့် မော်တော်ကားများ(ဓါတ်ပုံ-အဇံ)

 လမ်းကြောင်းသုံးကြောင်းမှ ဘုရားသုံးဆူမြို့သို့ နေ့စဉ်မော် တော်ယာဉ်ကားကြီးကားငယ်အစီးရေ ၅၀ ကျော်ရောက်ရှိနေပြီး ယခုရက်ပိုင်းအတွင်းပင်လျင် လူဦးရေ ၈၀ဝ မှ ၁၀ဝဝ ဝန်းကျင် ခန့်ရှိနိုင်ကြောင်း မော်တော်ဆိုင်ကယ် အငှားလိုက်နေသူ တဦးက ခန့်မှန်း ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်တွင် နပ်စပ်ဖြတ်ကျော်ခွင့်ကို ယခုနှစ် ဆန်းတွင်ဖွင့်လှစ်ရာ  မြန်မာနိုင်ငံမှ အလုပ်သမားများယာယီပတ်စပို့ဖြင့် လွတ်လပ်စွာဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်လူ ဝင်မှုစီစစ်ရေးဌာနနှင့် နီးစပ်သူ ဘုရားသုံးဆူ မြို့ခံတဦးက ပြောသည်။

“မနှစ်က ယာယီပတ်စပို့ ကိုင်တဲ့သူတွေ    မြဝတီ၊ ကော့သောင်တို့လို နယ်စပ် ဂိတ် တွေကို သွားပြီးဝင်ထွက်ရတယ်၊ အခုတော့ ဘုရားသုံးဆူဂိတ်မှာလည်းဝင်လို့ရနေတော့ အဆင်ပြေနေကြတယ်”ဟု သူကပြောသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ထိုင်းသို့ဝင်ရောက်ရန် သံဖြူဇရပ်မြို့၊ ရေးမြို့နှင့်ကြာအင်းဆိပ်ကြီးမြို့လမ်းများမှ မော်တော်ကားဖြင့့် ရောက်လာခဲ့ကြသည်။

ယခင်နှစ်များကထိုင်းသို့ဝင်ရန်  တရားဝင်မရသေး၍ မြန်မာအလုပ်သမားများ ဘုရားသုံးဆူမြို့ကို ရောက်လာသည့်တိုင်အောင် ယခုကဲ့သို့ ထင်ထင်ပေါ်ပေါ်မနေရဲပဲဖြစ်နေသည်။ တရားမဝင် အောက် လမ်းမှ ပွဲစားအကူအညီဖြင့်သာ သွားနေရ၍ယခင်နှစ်များမှာ လူအလာနည်းနေရသည်ဟု ပွဲစားတဦးကပြောသည်။

“ထိုင်းဘက်ကိုချက်ချင်းမဝင်ရသေးရင် ဂျပန်ရေတွင်း၊ ကြံတောနဲ့ဘုရားသုံးဆူ ရပ်ကွက်တွေမှာ စောင့်ဆိုင်းနေတာလည်းရှိတယ်၊ တချို့ကချက်ချင်းဝင်ခွင့်ရဖို့ ဂိတ်တွေမှာတန်းစီပြီး အစစ်ဆေးခံ နေတာ လူပေါင်းအတော်များများတန်းစီ နေတယ်” ဟု အငှားလိုက်ဆိုင်ကယ်သမားက ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား တဦးက စစ်ဆေးရေး ဂိတ်များ တွင် ထိုင်းဘတ် ၂၀ဝ ပေးဆောင်ပြီး စာရွက်စာတမ်းများပြသကာ ထိုင်းသို့ဝင်ထွက်သွားလာနိုင်ကြောင်းပြောဆိုပါသည်။

“တချို့အလုပ်ရှင်တွေကျတော့ကိုယ့်အလုပ်သမားတွေနဲ့ အချိတ်အဆက်လုပ်ပြီး နယ်စပ်ဘုရားသုံး ဆူအထိ မော်တော်ယာဉ်နဲ့လာကြိုလို့ ငွေမကုန်ဘူး၊ သွားလာရေး အဆင်ပြေကြတယ်၊ အလုပ်ရှင် လာမကြိုတဲ့သူကြတော့ ဘတ်ငွေ ၂၀ဝ အပြင် လမ်းစရိတ်ပါထပ်ကုန်တယ်”ဟု ဘုရားသုံးဆူမြို့က အလုပ်သမားအရေးကူညီပေးနေသည့် အဖွဲဝင်တဦးကပြောသည်။

အဆိုပါလမ်းမှ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်အလုပ်လုပ်သူများသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကိုင်ထားသူက ဦးရေများပြားပြီး အောက်လမ်းမှ ဝင်သူရောက်သူများအနေနှင့် ဦးရေ နည်းသည်။

သို့သော် အောက်လမ်းမှပွဲစားအကူအညီဖြင့် ဝင်ရောက်ရသည့်လူများမှာ သွားရောက်သည့် မြို့ အနီးအဝေးအလိုက် လူတဦးကို ဘတ် ၈၀ဝဝ မှ ၁၀ဝဝဝ အထိ ပေးနေရသည်ဟု သိရ သည်။