စည်ပင်ကစစ်တွေ စျေးကြီးကို ပြန်ဖွင့်လှစ်လိုသော်လည်း စျေးကော်မီတီက တာဝန် မယူ

စည်ပင်ကစစ်တွေ စျေးကြီးကို ပြန်ဖွင့်လှစ်လိုသော်လည်း စျေးကော်မီတီက တာဝန် မယူ
by -
နိရဥ္စရာ

စစ်တွေစျေးကြီးကို မြို့နယ် စည်ပင်က ဖွင့်လှစ်လိုသော်လည် စျေးကော်မီတီက တာဝန် မယူသဖြင့် စျေးကြီး ဖွင့်လှစ်ရေးမှာ မရေမရာ ဖြစ်နေကြောင်း ဒေသခံ စျေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

Sittwe-Market
“ စျေးကြီးကို စည်ပင်ကတော့ ပြန်လည် ဖွင့်လှစ်လိုနေပါတယ်။ ဒါပေမယ့် စျေးကော်မီတီက တာဝန် မယူတဲ့ အတွက် မဖွင့်နိုင်ဘဲ ဖြစ်နေပါတယ်” ဟု သူက ပြောသည်။

စစ်တွေစျေးကြီးကို တည်ငြိမ်မူ မရှိဘဲ ဖွင့်လှစ်ပါ နောက်ထပ် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်သဖြင့် စျေးကော်မီတီက လောလောဆယ် စျေးကြီး ပြန်လည် ဖွင့်လှစ်ရေးကို ကန့်ကွက်ရခြင်းဖြစ် ကြောင်း စျေးကော်မီတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ စျေးကြီးထဲမှာ မွတ်ဆလင် လူမျိုးတွေပိုင်တဲ့ ဆိုင်တွေလည်း ရှိနေတယ်။ စျေးကြီးဖွင့်ရင် အဲဒီဆိုင်တွေ ဖျက်ဆီးတာတို့ လုယက်တာတို့ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လောလောဆယ်မှာ ဖွင့်ရင် အကျိုးထက်အပြစ် များနိုင်ပါတယ်။ ဒါကြောင့် စျေးကြီးကို ဖွင့်လှစ်ရေးကို ရပ်ဆိုင်းထားဖို့ ကျွန်တော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စျေးကြီးကို မဖွင့်လှစ်နိုင်သေးသော်လည်း အရံစျေးများ ဖြစ်သည့် ငါးစျေးနှင့့် ဟင်းသီးဟင်းရွက်စျေးများကို ဖွင့်လှစ်ထားပြီ  ဖြစ်သဖြင့် စစ်တွေမြိို့သူ မြို့သားများ  အတွက်  အဆင်ပြေနေကြောင်း စျေးကော်မီတီ တာဝန်ရှိသူက ပြောသည်။

စစ်တွေမြို့တွင်  စျေးကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်း  မရှိသေးသော်လည်း မြို့ထဲရှိ စျေးဆိုင်အများအပြားကို ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။