အစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ငန်းဖေါ်ဆောင် နိုင်လိမ့်မည်မဟုတ်

အစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ငန်းဖေါ်ဆောင် နိုင်လိမ့်မည်မဟုတ်
by -
မင်းသုတ

မင်းသုတ- ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များသာ အဓိကစိုးမိုးနေရာယူထားပြီးပါဝင်သင့်သူများပါဝင်

မင်းသုတ- ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များသာအဓိကစိုးမိုးနေရာ ယူထားပြီး ပါဝင်သင့်သူများပါဝင်ခွင့်မရှိသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများဖေါ်ဆောင်နိုင်ိမ့်မည် မဟုတ်ဟု မွန်နိုင်ငံရေးခေါင်းဆောင်အချို့ သုံးသပ်ကြသည်။

300x198ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့၌ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် အဆိုပါကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းအစိုးရသတင်း မီဒီယာများက ဖေါ်ပြခဲ့သည်။

“ဘယ်လိုပဲဖွဲ့ဖွဲ့ ဘယ်သူတွေပဲပါဝင်ပါစေ၊ ကြံ့ဖွတ်အစိုးရရဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းကပဲ ဆွေးနွေးကြရမယ်ဆိုတဲ့ ကြိုတင်စည်းကမ်းချက်တွေပါနေရင်တော့ အချိန်ပဲကုန်သွား လိမ့်မယ်၊ အလုပ်ဖြစ်လာမှာမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခွင့်မရှိတော့ပိုခက်ပါလိမ့် မယ်”ဟု မွန်အမျိုးသား ဒီမိုကရေစီဒုဥက္ကဌနိုင်ငွေသိမ်းက ယူဆသည်။

ယခုဖွဲ့စည်းခဲ့သည့်ကော်မတီ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်သည် ဥက္ကဌ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ ဒေါ်ဒွဲဘူသည် အတွင်းရေးမှူး၊ ကျန်အဖွဲ့ဝင် ၁၃ ဦးတွင် ညီနောင်တိုင်းရင်းသားပါတီထဲမှ ဦးငွန်မောင်း-(ချင်းအမျိုးသားပါတီ CNP)၊ ဦးစောသိန်းအောင်-(ဖလုံ-စဝေါ် အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)၊ ဦးဘရှိန်(ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ)၊ ဦးစိုင်းမောင်တင်-(ရှမ်းတိုင်းရင်းသားများ ဒီမိုုကရက်တစ်ပါတီ)၊ တစညပါတီဝင် တစ်ဦးနှင့် ကျန်အဖွဲ့ဝင်များမှာ ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီဝင် မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချမ်း ယင်းကော်မတီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သော်လည်း မွန်ပါတီ AMDP ကိုယ်စားလှယ်တစ်ဦးမျှ မပါဝင်ခဲ့ပေ။

မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) နာယက နိုင်တင်အောင်က “ဒီမိုကရေစီအကျိုးအတွက် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် အမြန်ဆုံးလုပ်ဆောင်ပေးရာမှာ ပါဝင်သင့်သူတွေကိုလည်း ပါဝင်ခွင့်ရှိစေချင်တယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါလာရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်” ဟု ပြောသည်။

ယင်းပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပြုရန်လွှတ်တော် ကိုယ်စားလှယ်တချို့ တင်ပြဆွေးနွေးခဲ့ရာတွင် ပြည်ခိုင်ဖြို့ကိုယ်စားလှယ်များ ပယ်ချခဲ့ကြောင်းသတင်းမီဒီ ယာများက ဖေါ်ပြခဲ့သည်။

တဖက်တွင်လည်း ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ (UNFC)က ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး မြန်မာအစိုးရအား တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်။

ယမန်နေ့တွင်ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် ၁၂ ရက်မြောက်အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများအကြောင်း ကိုယ်စားလှယ်များထောက်ခံဆွေးနွေးခဲ့ပုံကိုယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖေါ်ပြထားသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာဖော်ပြချက်တစ်ခု၌ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့အတွင်း ပဋိပက္ခများ ပြင်းထန်နေပြီး အစည်းအဝေးအတွင်းပစ်ခတ်မှုများဖြစ်ပွားရာမှ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိသည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း KIA က တု့ံပြန်လိုက်သည်။

ထို့အတူပြီးခဲ့သည့်လသတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၏ KIOနှင့်ပတ်သက်သော ရှင်းလင်းပြောကြားချက်များတွင် လုပ်ကြံပြောဆိုမှုများတွေ့ရှိနေရကြောင်း အကဲခတ်များကထောက်ပြပြော ဆိုနေသည်။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ကြေညာချက်အမှတ် ၁/၂၀၁၁ ထုတ်ပြန်၍ ငြိမ်းချမ်းရေး ကမ်းလှမ်းထားခြင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းထားရှိခဲ့သော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီနှင့် ကရင်ပြည်နယ်များတွင် မြန်မာစစ်တပ်များထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။