မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ဒူးယားတိုက်နယ်ဆေးရုံတွင် ခွဲစိတ်ကုသမှုစရိတ် သက်သာသည့်အတွက် ရေးမြိ့ပြည်သူ့ဆေးရုံထက် ၄င်းတိုက်နယ်ဆေးရုံသို့ သွားရောက်ကုသသူ များပြားသည်ဟု သိရပါသည်။
ဒူးယားတိုက်နယ်ဆေးရုံသို့ သွားရောက်ဆေးကုသခဲ့သည့်် လူနာတစ်ဦး၏အဆိုအရ ၄င်းတိုက်နယ်ဆေးရုံတွင် ဓာတ်ခွဲခန်းသုံးကိရိယာများမှာ ရေးမြိ့ပြည်သူ့ဆေးရုံထက် ပိုမိုစုံလင်ပြီး ငွေကြေးအကုန်အကျလည်း သက်သာသည်ဟု ဆိုပါသည်။
ရေးမြိ့ုပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့သည့် လူနာတစ်ဦး၏အဆိုအရ ရေးမြို့နယ်တွင် ဓာတ်မှန်ရိုက်က်ိရိယာမရှိဘဲ ဒူးယားတိုက်နယ်ဆေးရုံတွင်သာ ၄င်းဓာတ်မှန်ရိုက်ကိရိယာ ရှိသည်။ ၄င်းအပြင် ဒူးယားတိုက်နယ်ဆေးရုံတွင် အောက်စီဂျင်ဗူး ၆ ဗူးရှိပြီး ရေးမြို့နယ်ဆေးရုံတွင် အောက်စီဂျင် ၂ ဗူးသာ ရှိသည်။
ရေးမြိ့ဆေးရုံတွင် ခွဲစိတ်ကုသပါက ကျပ် ၂ သိန်းခန့် ကုန်ကျပြီး တိုက်နယ်ဆေးရုံတွင် ကျပ် ၄ သောင်းခန့်သာ ကုန်ကျသည်။ ရပ်ကွက်အတွင်း သားဖွားပါက ကျပ် ၆ သောင်းခန့် ပေးရပြီး ၄င်းတိုက်နယ်ဆေးရုံတွင် မီးဖွားပါက ကျပ် ၄ သောင်း၊ မီးဖွားနှင့် သားကြောဖြတ်ပါက ကျပ် ၅ သောင်းခန့်သာ ကုန်ကျသည်ဟု တိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသခဲ့သည့် ရေးမြို့သူတစ်ဦးက ပြောသည်။
ခွဲစိတ်ကုသမည့် လူနာများ ဒူးယားသို့ သွားစရာမလိုဘဲ ရေးမြို့ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသနိုင်ကြောင်း၊ ခွဲစိတ်ကုသမှု ခံံယူပါက ဒူးယားကျေးရွာရှိ ဆရာဝန်သို့ ဖုန်းဆက်ပြီး ရေးမြို့ရှိဆေးရုံတွင်လည်း ကုသမှူ ခံယူနိုင်ကြောင်း ရေးမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ပြောကြသည်ဟု ၄င်းမြို့ခံက ပြောသည်။
သို့သော်လည်း ခွဲစိတ်ကုသမှု ခံယူရမည့် လူနာများမှာ ရေးမြို့်ပြည်သူ့ဆေးရုံတွင် မကုသကြဘဲ ဒူးယားတိုက်နယ်ဆေးရုံသို့သာ သွားရောက်ကုသကြသည်ဟု ၄င်းက ဆိုသည်။
ဒူးယားတိုက်နယ်ဆေးရုံအတွက် ရေးမြို့နှင့် ရေးမြို့နယ် အစင်ကျေးရွာ၊ ဒူးယားကျေးရွာများတွင် ပုဂ္ဂလိက မီးသွယ်တန်းပေးနေသည့် သူဌေးတစ်ဦးမှ တစ်လလျှင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ၈ ပီပါ လစဉ်လှူဒါန်းပေးထားသည်ဟု သိရသည်။
နှစ်စဉ် သင်္ကြန်အလွန် နှစ်ဆန်းတစ်ရက်နေ့တွင် ဒူးယားတိုက်နယ်ဆေးရုံမှ ချို့တဲ့သောလူနာများအား အခမဲ့ ကုသရန်အတွက် ကျေးရွာအတွင်း လိုက်လံအလှူခံပြီး ကုသပေးကြောင်း ဒူးယားကျေးရွာမှ အမျိုးသမီးလူငယ်တစ်ဦးက ဆိုပါသည်။