ဥက္ကဌနှင့် လဝကတို့မှ ပြည်ပသို့သွားရောက် အလုပ်လုပ်သူစာရင်း လိုက်လံကောက်

ဥက္ကဌနှင့် လဝကတို့မှ ပြည်ပသို့သွားရောက် အလုပ်လုပ်သူစာရင်း လိုက်လံကောက်
ဒေသအတွင်းရှိ အိမ်နီးချင်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူတို့၏ အရေအတွက်ရရှိရန်အတွက် ကျေးရွာဥက္ကဌနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) တို့က လူဦးရေစာရင်းကို လိုက်လံကောက် ...

ဒေသအတွင်းရှိ အိမ်နီးချင်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူတို့၏ အရေအတွက်ရရှိရန်အတွက် ကျေးရွာဥက္ကဌနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) တို့က လူဦးရေစာရင်းကို လိုက်လံကောက်ခံနေသည်။

ထိုသို့လိုက်လံကောက်ခံရာတွင် ကျေးရွာမှ ကျေးရွာပြည်သူ့စစ်နှင့် လဝကတို့သာလျှင် ၄င်းစာရင်းကို အဓိကလိုက်လံကောက်ခံသည်ဟု မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှ မွန်လူငယ်တစ်ဦးက ပြောသည်။  

“ကျနော်တို့အိမ်ကိုလည်း စာရင်းလာကောက်တယ်လေ။ အိမ်မှာ ဘယ်သူတွေကျန်နေသလဲ။ ဘယ်သူတွေက ထိုင်းမှာ အလုပ်သွားလုပ်ကြတာလဲ ဆိုတာကို အဓိက မေးတယ်။ ပြီတော့ သူစိမ်းအဝင်အထွက်တွေကိုလည်း သူတို့ သိခြင်းတယ်အတွက်လည်း ပါတယ်” ဟု ၄င်းမွန်လူငယ်က ပြောသည်။

ပြည်ပသို့သွားရောက်အလုပ်လုပ်သူများ၏စာရင်းကို အောက်တိုဘာလ ၅ ရက်နေ့ (တနင်္လာနေ့) တွင် ကမာဝက်ကျေးရွာမှ စတင်စာရင်းကောက်ခံနေသည်။ ၄င်းအနီးအနာကျေးရွာ၌ လဝကနှင့် ရယကဥက္ကဌတို့ ကောက်ခံခြင်း မရှိသေးဟု ကမာဝက်ကျေးရွာအနီးအနားရှိ ရွာသားတို့က ပြောသည်။

“အဓိက သူတို့လိုက်ကောက်တာကတော့ ထိုင်းမှာ အလုပ်ထွက်လုပ်တဲ့ လူဦးရေစာရင်းကို တိတိကျကျ သိနိုင်တယ်လေ။ လဝကနဲ့ ပြည်သူ့စစ်တို့လိုက်ကောက်တဲ့စာရင်းကို တချို့လူတွေက အမှန်အတိုင် မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိတိကျကျ သူတို့ပြောပြလိုက်မယ်ဆိုရင် သူတို့ကို ဒေသခံအာဏာပိုင်တွေက ခြိမ်းခြောက်ပြီး အတင်းအဓမ္မပိုက်ဆံလိုက်တောင်းမှာ ကြောက်ကြတယ်လေ” ဟု ကမာဝက် မွန်လူငယ်က ပြောသည်။

၄င်းမွန်လူငယ်က လတ်တလောအခြေအနေတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသည့် အလုပ်သမားများသည် ယာယီမြန်မာနိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ရန် ၄င်းတို့၏နေရပ်လိပ်စာ အပြည့်အစုံဖြည့်နေရသည့်အတွက် နေရပ်ဇာတိတွင် ကျန်ရှိသည့်အချို့အိမ်သားများထံမှ ဒေသခံအာဏာပိုင်တို့က ငွေကြေးတောင်းခံနေခဲ့သည်။

တဖက်တွင်လည်း မွန်ကာကွယ်ရေးတပ်ဟု အမည်ခံသည့် အဖွဲ့ဝင် ၃ ဦးပါသည့် လက်နက်ကိုင်အဖွဲ့သည် ကမာဝက်ကျေးရွာနှင့် ၄င်းအနီးအနားကျေးရွာရှိ လယ်သမားများထံမှ ငွေကြေးအကူအညီတောင်းခံသည့်အနေဖြင့် လယ်တစ်ဧကလျှင် ၁၅ဝဝ ကျပ် ၄င်းတို့အားပေးရန် ပြေစာဖြတ်ပိုင်းကို လွန်ခဲ့သည့် သြဂုတ်လ ကတည်းက ပေးပို့ထားသည့်အတွက်ကြောင့်လည်း ဒေသခံအာဏာပိုင်တို့မှ လက်နက်ကိုင်အဖွဲ့အစည်းတို့၏အဝင်အထွက်သိရှိရန်အတွက်လည်း ဖြစ်နိုင်သည်ဟု ၄င်းမွန်လူငယ်က ဆိုပါသည်။

၄င်းက “ကမာဝက်ရွာကိုပဲ စကောက်တာက အဲဒီအတွက်ကြောင့်လည်း ဖြစ်နိုင်တယ်။ တခြားရွာတွေကိုတော့ စာရင်းကောက်တာ မစရသေးဘူးလေ” ဟု ဆိုပါသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင်လည်း ကျေးရွာဥက္ကဌတို့မှ ဒေသခံတို့၏လက်ရှိသန်းခေါင်းစာရင်းကို ၄င်းတို့၏ရယကရုံးသို့ လာရောက်ပေးသွင်းစေခဲ့သည်။  

Most read this week