ခလရ (၂၀၉) မှ ပြည်သူ့စစ်သင်တန်းပေးမည်

ခလရ (၂၀၉) မှ ပြည်သူ့စစ်သင်တန်းပေးမည်
by -
ရိုင်မရော့
မုဒုံမြို့နယ် ကမာဝက်ကျေးရွာ၌ အခြေချထားသည့် ခလရ (၂၀၉) မှ ပြည် သူ့စစ်တပ်ဖွဲ့ မရှိသေးသည့် ကျေးရွာများအား ပြည်သူ့စစ်သင် တန်းပေး ရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာဥက္ကဌများအား အသိ ပေး ...

မုဒုံမြို့နယ် ကမာဝက်ကျေးရွာ၌ အခြေချထားသည့် ခလရ (၂၀၉) မှ ပြည် သူ့စစ်တပ်ဖွဲ့ မရှိသေးသည့် ကျေးရွာများအား ပြည်သူ့စစ်သင် တန်းပေး ရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာဥက္ကဌများအား အသိ ပေးထားကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ထုံမင်ကျေးရွာ၊ ကွမ်းကဘွီးကျေးရွာကဲ့သို့သော ကျေး ရွာအချို့တွင် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေးသည့်အတွက် သင်တန်းပေးရခြင်း ဖြစ်သည်။

“ကမာဝက် ခလရ ၂၀၉ က ရွာကိုလာပြီးတော့ ပြည်သူ့စစ်သင်တန်း ပေး မယ်ဆိုပြီး ဥက္ကဌတွေ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ လူစုပြီးတော့ ပြောတယ်၊ အယောက် ၄၀ လူစုထားရမယ်တဲ့” ဟု ထုံမင်ရွာသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းမှာ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များ ရွာအတွင်း ငွေကြေးကောက်ခံနေခြင်းကြောင့့် အရေးအ ကြောင်း ကြုံပါက ပြန်လည်ခုခံရန်အတွက် ပြည်သူ့တပ်ဖွဲ့ ရှိထားသင့်သည် ဟု ခလရ ၂၀၉ မှ ပြောထားသည်ကိုလည်း ၄င်းရွာသားက ပြန်ပြောပြ သည်။

သင်တန်းကာလသည် တစ်လကြာမည် ဖြစ်ပြီး၊ တစ်ပတ်လျှင် ၃ ရက် နှုန်း ဖြင့် ပို့ချပေးမည် ဖြစ်သည်။ ယခုလဆန်းပိုင်းမှ စတင်ပို့ပေးချမည်ဟုလည်း သိရသည်။

“သင်တန်းလာပေးဖို့ လမ်းစရိတ်အတွက် ဆိုပြီးတော့ ငွေ ၂ သိန်း တောင်း တယ်၊ အဲဒီငွေတွေ ဘယ်ကရမှာလဲ၊ ရွာခံတွေက ဘယ်ပေးနိုင်မှာလည်း၊ အလုပ်အပျက်ခံပြီး သင်တန်းလည်း တက်ရသေးတယ်၊ ပိုက်ဆံလည်း ပေးဦးရမယ်ဆိုတော့ ဘယ်ဖြစ်မလဲ၊ အဲဒါကြောင့် သူတို့ကို လျှော့ပေါ့ ခိုင်းပြီး၊ ၁ သိန်းပဲ ပေးလိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ဒေသခံရွာသားများက ၄င်းသင်တန်းကို မတက်လိုကြသော်လည်း ကျေး ရွာဥက္ကဌမှ ရွေးချယ်ထားသည့်လူများ မဖြစ်မနေတက်ရမည် ဖြစ်သည်။

ခလရ ၂၀၉ မှ သင်တန်းသား အယောက် ၄၀ စုဆောင်းထားရန် စေခိုင်း ထားသော်လည်း အချို့ရွာသားများမှာ တနေ့လုပ် တနေ့စားဘဝဖြင့် ရုန်း ကန်နေရသောကြောင့် သင်တန်းသား ၁၅ ယောက်သာ စုမိထားသည်ဟု ဆိုသည်။

Most read this week