မော်လမြိုင်မြို့တွင် ဗုံးနှစ်နေရာ ပေါက်ကွဲမှု ဖြစ်ပွား

မော်လမြိုင်မြို့တွင် ဗုံးနှစ်နေရာ ပေါက်ကွဲမှု ဖြစ်ပွား
by -
ပနွတ်ကျား
မော်လမြိုင်မြို့တွင် ယနေ့နံနက် ၉ နာရီခန့်တွင် နှစ်နေရာတွင် ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ စစ်ကဲကုန်းရပ်ကွက် တစ်ရပ်ကွက်တည်းတွင် နှစ်နေရာပေါက်ကွဲမှုဖြစ်ပွားပြီး တစ်စုံတစ်ယေက်ထိခိုက်ခြင်း မရှိဟု ရပ်ကွက်ခံတစ်ဦးက ပြောသည််။ ဗုံးတစ်လုံးနှင့်တစ်လုံး ပေါက်ကွဲမှုမှာ ...

မော်လမြိုင်မြို့တွင် ယနေ့နံနက် ၉ နာရီခန့်တွင် နှစ်နေရာတွင် ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

စစ်ကဲကုန်းရပ်ကွက် တစ်ရပ်ကွက်တည်းတွင် နှစ်နေရာပေါက်ကွဲမှုဖြစ်ပွားပြီး တစ်စုံတစ်ယေက်ထိခိုက်ခြင်း မရှိဟု ရပ်ကွက်ခံတစ်ဦးက ပြောသည််။ ဗုံးတစ်လုံးနှင့်တစ်လုံး ပေါက်ကွဲမှုမှာ မိနစ် ၂ဝ ခန့်ခြားသည်ဟု ၄င်းက ပြောသည်။

ပေါက်ကွဲမှုာသည် မော်လမြိုင်အောက်လမ်းမကြီး အစိုးရမြန်မာ့စီးပွားရေးး ဘဏ််အနားတွင် ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးသည် အစိုးရပြည်နယ်ရုံး၊ သစ်တောရုံး၊ကြံ့ဖွံရုံး၊ စာတိုက်နှင့် အစိုးရဓါတ်ဆီဆိုင်တို့ တည်ရှိရာ မောရဝတီ ပန်းခြံအနားတွင် ထပ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
 

“ပထမကတော့ ဗုံးဆိုပြီး အသံကျယ်ကြီး အိမ်ကနေကြားလိုက်တယ် နောက်မိနစ်နှစ် ဆယ်လောက်အကြာမှာ အိမ်နောက်ကနေ နောက်တစ်လုံးထပ်ကြားးလိုက်တယ်၊ အရင်လုံးထက် အသံကပိုကျယ်တယ်” ဟု အခြားရပ်ကွက်ခံတစ်ဦးက ပြောပြပါသည်။

“ဗုံးပေါက်တာ နေ့လည်ကမှ ကျနော်သိရတာ၊ အခုလုံခြုံရေးတွေ တင်းကျပ်နေပြီး။ ကားနှင့်ဆိုင်ကယ်တွေကိုရပ်ခိုင်းပြီးတော့  ဆိုင်ကယ်ထိုင်ခုံ အဖုံးတွေကို လိုက်ဖွင့်နေတယ်”ဟု မြိုင်သာယာရပ်ကွက်ခံ တစ်ဦးက ပြောပြပါသည်။

ရွှေပြည်အေးရပ်ကွက်ခံ အမျိုးသမီးကြီးတစ်ဦးက“အန်တီတို့ကြားတာက ခုနကပါ။ ကမ်းနားလမ်းဘက်မှာလို့ ပြောနေကြတာပဲ။ လူနဲ့ပတ်ဝန်းကျင်ကို ထိခိုက်သွားတာ မရှိပါဘူး” ဟု ၄င်းက ပြောပါသည်။

ဤဖောက်ခွဲမှုသည် မည်သည့်လက်ချက်ဖြစ်သည်ကို မသိသေးပေ။ အာဏာပိုင်များက စုံစမ်းနေဆဲပင်ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင် လွန်ခဲ့သောတစ်လခန့်ပင် အထက်မှ ညွန်ကြားချက်အရ လုံခြုံရေးတွေကို ဓါတ်တိုင် သုံးလေးတိုင်ဆိုရင် ရဲနှင့်စစ်သားတစ်ဦးစီ ချထားပါသည်။ ယခုလို လုံခြုံရေးကို တင်းကျပ်စွာ ချထားရင်းပင် ယခုလိုဖြစ်ပွားခဲ့သည်ဟု ၄င်းမော်လမြိုင်မြို့ခံက ဆက်ပြောပါသည်။

Most read this week