မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကလေး ( ၃) ဦးကို မွန်အမျိုးသားဝတ်စုံမှုဖြင့် ကမာဝက်ကျေးရွာ ရဲစခန်းမှ ခြောက်လှန့်ပြီး ဖမ်းဆီးခဲ့ကြောင်း ၄င်းကလေးများ၏ မိဘအသို်င်းအဝိုင်းမှ ပြောပြချက်အရ သိရသည်။
မေလ ၁၆ ရက်နေ့တွင် အသက် (၁၃) နှစ်အရွယ်ဝန်ကျင်းရှိ ယောကျာင်္း (၃) ဦးသည် အဘစ်ကျေးရွာတွင် ကျင်းပသည့် ဟံသာဝတီမွန်ပြည်ပျက်သုဉ်းသည့်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အသွားတွင် ကလော့သော့ကျေးရွာ အနီး မုဒုံ-မော်လမြိုင် ဟိုင်းဝေး လမ်းမကြီးပေါ်တွင် အဖမ်းခံရခြင်ဖြစ်သည်။ ကလေး (၃) ဦးတို့မှာ မုဒုံမြို့နယ် ကေ့ာခပီထော ကျေးရွာမှ ဖြစ်သည်။
“ ကလေးတွေက ကားလမ်းမဘေးမှာ သူတို့ အချင်းချင်း နောက်ပြောင်နေတဲ့ အချိန်မှာ ရဲ (၄) ယောက် အရပ်သားဝတ်စုံတွေနဲ့ ရောက်လာတယ်။ နောက်ပြီး သူတို့ကို မွန်ဝတ်စုံနဲ့ တွေ့ပြီးမေးတယ်။ မင်းတို့ဘယ်သွားကြမှာလဲ ဘာဖြစ်လိုမွန်ဝတ်စုံ ဝတ်ထားတာလဲ။ ဒီဝတ်စုံရဲ့ အဓိပါ္ပယ်ကိုရော သိရဲလား။ မင်းတို့ ဒီမွန်ဝတ်စုံနဲ့ သွားလာနေတာကို နိုင်ငံရေးအမှုနဲ့ မဖ်းလိုရတယ်၊ ရဲက အဲဒီလိုပြောပြီး စခန်းကို ခေါ်သွားတယ်” ဟု ကလေး၏ မိသားစု အသိုင်းဝိုင်းနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
ကလေး (၃) ဦးထဲတွင် ကော့ခပီထောကျေးရွာ၏ ဥက္ကဌ သားတစ်ဦးပါဝင်ပြီး ရဲက မေးမြန်းပြီး ဥက္ကဌသားကို ှ ပြန်လွှတ်လိုက်သော်လည်း ကျန်ရှိသည့် ကလေး (၂) ဦးကို ကမာဝက်ရဲစခန်းတို့ ခေါ်ဆောင်သွားခဲ့သည်။
ကမာဝက် ရဲစခန်းမှ စခန်းမှူးက (၁၃) နှစ်ကလေးကို ဖမ်းပြီးထောင်ချလို မရဟုဆို၍ ကော့ခပီထောရှိ ကလေး၏ မိဘများကို ခေါ်၍ ဒဏ်ငွေရိုက်ခဲ့သည်။
“ ရဲစခန်းရောက်တော့ ကလေးတွေ လွတ်ဖို့အတွက် ရဲတွေကို တစ်ယောက် ပိုက်ဆံ ၅ဝဝဝ ပေးလိုက်ရတယ်။ သူတို့ ဒီလိုလုပ်တာဟာ သက်သက်ညာဏ်ဆင်တာပဲ။ ပိုက်ဆံရချင်လို့ အခုလို့ ကလေးတွေကို မဖ်းတာ “ ဟု ကလေးမိခင် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မေလ (၁၆) ရက်နေ့သည် ဟံသာဝတီမွန်ပြည်ပျက်သုဉ်းခြင်း (၂၅၂ ) နှစ်ပြည့်မြောက်သည့် နေ့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးများက နှင့်ပြည်ပရောက် မွန်လူမျိုးများက ပန်း၊ ဆီမီး၊ ဖယောင်းမီး တို့ဖြင့် ဘုရားအားကပ်လှူပူဇော်၍ ဟံသာဝတီကျဆုံးချိန်၌ အသေဆိုးဖြင့် သေဆုံးခဲ့ကြသော ဘိုးဘွား ဘီဘင်တို့အား အမျအတန်းဝေခြင်းဖြင့် ဟံသာဝတ႘ပျက်သုဉ်းသည့် အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။