အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း

အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း
ခလရ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် မိမိဇနီးကို မထီမဲ့မြင်သည်ဟုဆိုကာ ရွာသား နှစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်ခဲ့သည့်သတင်း ပြန့်နှံ့သွားသောကြောင့် အဆိုပါကိစ္စသည် မဟုတ်မှန်ကြောင်းသက်သေပြရန် ထိုရွာသားနှစ်ဦးကို လက်မှတ်ထိုးစေခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြော ...

ခလရ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် မိမိဇနီးကို မထီမဲ့မြင်သည်ဟုဆိုကာ ရွာသား နှစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်ခဲ့သည့်သတင်း ပြန့်နှံ့သွားသောကြောင့် အဆိုပါကိစ္စသည် မဟုတ်မှန်ကြောင်းသက်သေပြရန် ထိုရွာသားနှစ်ဦးကို လက်မှတ်ထိုးစေခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်မှ ဗျူဟာမှူးသည် ခလရ ၂၉၉ ထံ သွားရောက်ပြီး ထို်ရွာသားနှစ်ဦးအား ရိုက်နှက်ခြိမ်းခြောက်ခဲ့သည့် အရာရှိကို ယင်းအကြောင်းနှင့် ပတ် သက်၍ လာရောက်စစ်ဆေးခဲ့သောကြောင့် ထိုရွာသားနှစ်ဦးကို မိမိမရိုက်ခဲ့ရကြောင်း လက်မှတ်ထိုးစေခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

“ဗျူဟာမှူးက ရွာသားကို ခြိမ်းခြောက်ခဲ့တဲ့ အရာရှိကို ဘာတွေပြောသွားလဲတော့ မသိဘူး၊ အဲဒီဗိုလ်ကြီးက သူရို်က်ခဲ့တဲ့ ရွာသားနှစ်ယောက်ကို ခေါ်ပြီး အရိုက်မခံခဲ့ရပါဘူးဆိုပြီး ခံဝန် ချက်လက်မှတ်ထိုးခိုင်းတယ်၊ တကယ်လို့ လက်မှတ်မထိုးရင် ဒီသတင်း အခုလိုပြန့်ရတာ  မင်းတို့ နှစ်ယောက်ပဲ ဖြန့်တာလို့ စွပ်စွဲလို့ ရတယ်ဆိုပြီး ထပ်ခြိမ်းခြောက်သေးတယ်” ဟု ကိုးမိုင် ရွာသားတစ်ဦးက ပြောသည်။

ထိုခြိမ်းခြောက်မှုကြောင့် ရွာသားနှစ်ဦးသည် ကြောက်ရွံ့ကာ ၄င်းအရာရှိထံတွင် ကတိခံဝန် ချက် လက်မှတ်ထိုးခဲ့ကြရသည်ဟု သိရှိရသည်။

မည်သည့်ရည်ရွယ်ချက််ဖြင့် ဗျူဟာမှူးမှ လာရောက် စစ်ဆေးခဲ့သည်ကို ရွာသားများမှ သေသေချာချာ မသိရှိကြပေ။

လွန်ခဲ့သော ဧပြီလတွင် ခလရ ၂၉၉ တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် ၄င်း ၏ဇနီးနှင့် လမ်းဘေးတွင်ရပ်နေစဉ် ကိုးမိုင်ရွာသားနှစ်ဦးက ဆိုင်ကယ်ဖြင့် မတော်တဆ နင်းမိသော ကတ္တရာလမ်းရှိ ရေအနည်းငယ် လွင့်စင် ထိမိသွားသဖြင့် ၄င်းရွာသားနှစ်ဦးကို ရိုက်နှက်ကာ နေအိမ်ကို မီးရှို့သည်အထိ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။

Most read this week