သင်္ကြန်ပွဲတော်ရက်အတွင်း ကျောင်းသားများ ခေါင်းစည်းပုဝါ ပေးကမ်းလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့

သင်္ကြန်ပွဲတော်ရက်အတွင်း ကျောင်းသားများ ခေါင်းစည်းပုဝါ ပေးကမ်းလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့
by -
မိမွန်စွန်း
သင်္ကြန်အတွင်း ကျောင်းသားလူငယ်တစ်စု ဦးဆောင်ပြီး ခေါင်းစည်းပုဝါ ပေးကမ်းဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ရပ်ကို မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည်။ ခေါင်စည်းပုဝါမှာ “No Free No Happy” (မလွတ်လပ်ဘူးဆိုရင် မပျော်နိုင်ဘူး) ဟု ဆိုထား ...

သင်္ကြန်အတွင်း ကျောင်းသားလူငယ်တစ်စု ဦးဆောင်ပြီး ခေါင်းစည်းပုဝါ ပေးကမ်းဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ရပ်ကို မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည်။ ခေါင်စည်းပုဝါမှာ “No Free No Happy” (မလွတ်လပ်ဘူးဆိုရင် မပျော်နိုင်ဘူး) ဟု ဆိုထားပါသည်။

ဧပြီလ (၁၄) ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ခေါင်းစည်းပုဝါ ၁၅ဝဝ ခန့်ကို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံနှင့် သံဖြုုဇရပ်မြို့များတွင် သင်္ကြန်ရေကစားသူများအား ဖြန့်ဝေခဲ့သည်ဟု သိရသည်။ မော်လမြိုင်မြို့ပေါ်၌ လမ်းမပေါ်တွင် သင်္ကြန်ရေကစားသူများကို ခေါင်းစည်းပုဝါများ ပေးကမ်းဖြန့်ဝေခဲ့သည်ဟု သိရသည်။

လှုပ်ရှားမှုကို ဦးဆောင်သည့် အဖွဲ့ဝင်တစ်ဦးက “ ကျွန်တော်တို့ ခေါင်းစည်းပုဝါတွေကို ဘာ့ကြောင့် ပေးကမ်းဖြန့်ဝေတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာစစ်အစိုးရ လက်အောက်မှာ နေခဲ့ရတာကြာပြီ၊ ကျွန်တော်တို့မှာ လွတ်လပ်မှုမရှိဘူး၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်တွေ မရှိဘူး ကျွန်တော်တို့မှာလွတ်လပ်မှု မရှိဘူးဆိုရင် ပျော်ရွှင်မှုမရှိဘူးဆိုတာကို ပြည်သူလူထုကို ပေးသိစေချင်တယ်” ဟုပြောသည်။

မြန်မာအာဏာပိုင်တွေက အခုချိန်ထိ ခေါင်းစည်းပေးကမ်း ဖြန့်ဝေခြင်းနှင့် ပတ်သက်ပြီး အရေးယူတာ၊ ဖမ်းဆီးတာတို့ မရှိသေးဘူးဟု ၄င်းက ဆက်ပြောသည်။

ခေါင်းစည်းပုဝါ၏ အရောင်မှာ အမဲရောင်ဖြစ်ပြီး “No Free No Happy”  စာသားကို အဖြုုရောင်နှင့် ရေးထားပြီး ဂျိုးဖြုုငှက်ပုံလည်း ပါဝင်သည်။

မော်လမြိုင်မြို့ခံများ၏ အဆိုအရ သင်္ကြန်အကြတ်နေ့တွင် လူငယ်တော်တော်များများက ခေါင်းစည်းပုဝါတွေ ပတ်ထားတာကို တွေ့ရပြီး အာဏာပိုင်တွေဘက်က ဖမ်းဆီးတာကို မတွေ့ရဘူးဟု ပြောသည်။

အာဏာပိုင်များက သင်္ကြန်ရက်အတွင်းတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းအဝတ်အစားနှင့် အလံများကို အသုံးပြုဝတ်ဆင်ပါက အရေးယူမည်ဟု မြန်မာအစိုးရပိုင် မီဒီယာများက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

မုဒုံမြို့ပေါ်ရှိ လူငယ်တစ်ဦးက “ သင်္ကြန်အကြတ်နေ့မှာ လူငယ်တွေက ခေါင်းစည်းပုဝါကို ပတ်ထားတာတွေ့ရတယ်၊ ကျနော့်သူငယ်ချင်း အချို့က ပုဝါထဲမှာ ဘာရေးထားတာကိုလည်း သေသေချာချာ နားမလည်ဘူး၊ ဒါပေမယ့် သူတို့က အလကားရလို့ ပတ်ကြတယ်၊ တချို့ကလည်း ရေးထားတာကိုသိတယ်၊ ဒါပေမယ့် သူတို့ကမကြောက်ကြဘူး” ဟုပြောသည်။