မုဒုံမြို့နယ် ထုံမင်ရွာတွင် မီးလောင်မှုဖြစ်ပွါး

မုဒုံမြို့နယ် ထုံမင်ရွာတွင် မီးလောင်မှုဖြစ်ပွါး
by -
လရီမွန်
ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်တွင် မုဒုံမြို့နယ် ထုံမင်ကျေးရွာ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွါး ခဲ့ရာ နေအိမ် ၁၄ အိမ်ခန့် လောင်ကျွမ်း ပျက်ဆီးခဲ့ကြောင်း ထုံမင်ရွာသားများမှ သိရှိရ သည်။ ထိုမီးလောင်မှုသည် ပေါ့ဆမီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နေ့လည် ၁၁ နာရီခွဲအချိန်မှ မွန်းလွဲ ၂ နာရီအထိ ...

ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်တွင် မုဒုံမြို့နယ် ထုံမင်ကျေးရွာ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွါး ခဲ့ရာ နေအိမ် ၁၄ အိမ်ခန့် လောင်ကျွမ်း ပျက်ဆီးခဲ့ကြောင်း ထုံမင်ရွာသားများမှ သိရှိရ သည်။  

ထိုမီးလောင်မှုသည် ပေါ့ဆမီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နေ့လည် ၁၁ နာရီခွဲအချိန်မှ မွန်းလွဲ ၂ နာရီအထိလောင်းကျွမ်းခဲ့သည်ဟု နေအိမ် မီးလောင်ခဲ့သော အိမ်ရှင်တစ်ဦးမှ သိရှိရသည်။  

"စလောင်တဲ့အိမ်ရှင်တွေ အခုသူတို့ တစ်နေရာရာကို ရှောင်ထွက်သွားကြပြီ၊ ဖြစ်ပုံက ထမင်းချက်ထားပြီးတော့ အပြင်ကိုစျေးထွက်ဝယ်နေတယ်၊ ၆ နှစ်လောက်ပဲရှိတဲ့ ကလေး က မီးဖိုကမီးကို ဆော့လို့ ဖက်နဲ့ကာထားတဲ့ထရံကို မီးဆွဲသွားတာလေ၊ သူတို့အိမ်က သေး သေးလေးဆိုတော့ အကြောင်းမဟုတ်ဘူး၊ ကျွန်မ တို့အိမ် တွေလဲ ဆုံးရှုးံကုန်တယ်" ဟု အိမ်မီးလောင်ခံခဲ့ရသော အိမ်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။  

မီးလောင်နေစဉ် နာရီဝက်ခန့်အကြာတွင် မီးသတ်ကားများ လာရောက်ငြိမ်းသတ်သော် လည်း နေ့လည်ခင်းနေပြင်းချိန်ဖြစ်၍ လေတိုက်နှုန်းလည်း အနည်းငယ်ရှိနေသောကြောင့် တစ်ခဏအတွင်းပင် နေအိမ် ၁၄ အိမ်နှင့် ဆန်ကြိတ်စက်တစ်လုံးပါ လောင်ကျွမ်းသွားခဲ့ သည်။ လာရောက်ငြိမ်းသတ်သော မီးသတ်ကားများမှာ သံဖြူဇရပ်၊ မုဒုံ၊ ကမာဝက်၊က လော့သော့မှ မီးသတ်ကားများနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သော ဒိုးမား၊ ကလော့ သော့၊ တောင်ပ၊ ကော့ဟဗွီးမှ ရွာသားများနှင့်သံဃာတော်များ ဝိုင်းဝန်း၍ လာရောက်ငြိမ်း သတ်ပေးကြသည်။  

ထုံမင်ရွာသားတစ်ဦး၏အပြောအရ " တခြားရွာကလူတွေ လာမကူရင်တော့ မီးအားက ကောင်းနဲ့ ကျွန်တော်တို့ရွာတော့ မတွေးရဲစရာပဲ၊ အခုလိုတစ်တပ်တစ်အားနဲ့ ဝိုင်းကူကြလို့ သာ ဒီလောက်နဲ့ငြိမ်းသွားတာ" ဟု ဆိုသည်။  

"မီးအရှိန်ကကောင်းတော့ အိမ် ၄ အိမ်လောက်ဆိုရင် ဘာမှကောက်သိမ်းချိန်မရလိုက်ကြ ဘူး၊ တစ်ချို့ဆိုရင် စိတ်မထိန်းနိုင်လို့ မီးထဲအတင်းဝင်ပြီး အရေးကြီးပစ္စည်းတွေ ဝင်ယူကြ တယ်၊ အဲလို မီးထဲအတင်းဝင်လို့ မီးဟပ်ပြီး ဆေးရုံတင်လိုက်ရတယ်၊ ဒီကြားထဲ အိမ်ကနေ သယ်ထုတ်လာတဲ့ ပစ္စည်းတွေကို အလစ်သုတ်ခံရလို့ ထပ်ပျောက်တာလည်းရှိတယ်" ဟု မီးလာရောက် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သော ရွာသားတစ်ဦးကပြောသည်။  

မီးတွင် ပါဝင်လောင်ကျွမ်းသွားသော ဆန်စက်၏ ကာလပေါက်စျေးမှာ သိန်း ၁ဝဝ ဝန်း ကျင်ခန့် ရှိမည်ဖြစ်ပြီး မီးလောင်ပျက်ဆီး ဆုံးရှုံးမှုမှာ သိန်း ၅ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ထုံမင်ရွာတွင် စုစုပေါင်းခန့်မှန်းခြေ အိမ်ခြေပေါင်း ၁၅ဝ ခန့်ရှိသည်။   

လွန်ခဲ့သော ဧပြီလ ၅ ရက်နေ့တွင် သံဖြူဇရပ်မြို့ပေါ်တွင် ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှု ဖြစ် ပွါးခဲ့ပြီး ၆ ရက်နေ့တွင် လမိုင်းမြို့၌ လယ်ကွင်းမီးလောင်မှုများဖြစ်ပွါးခဲ့သေးသည်။