မြဝတီတွင် လောင်းကစားဝိုင်း အပိတ်ခံရပြီ

မြဝတီတွင် လောင်းကစားဝိုင်း အပိတ်ခံရပြီ
by -
ဟွန်းဟကောင်း
မြဝတီမြို့ပေါ်ရှိ် နေရာအသီးသီးတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA မှ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများသည် DKBA မှ အရာရှိတစ်ဦး လောင်း ကစားဒိုင်၏ လှည့်စားမှုကို ခံလိုက်ရသောကြောင့် ကစားဝိုင်းများမှာ လုံးဝ အပိတ်ခံလိုက်ရ ...

မြဝတီမြို့ပေါ်ရှိ် နေရာအသီးသီးတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA မှ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများသည် DKBA မှ အရာရှိတစ်ဦး လောင်း ကစားဒိုင်၏ လှည့်စားမှုကို ခံလိုက်ရသောကြောင့် ကစားဝိုင်းများမှာ လုံးဝ အပိတ်ခံလိုက်ရ သည်။

DKBA မှ အရာရှိပိုင်းတစ်ဦးသည မတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ဘောနီထောင်ဝိုင်းတစ်ဝိုင်း၌ တစ်ထိုင်တည်းဖြင့် ငွေကျပ် ၁၇ သိန်း ရှုံးနိမ့်သွားပြီး နောက်တွင် ယင်းအနီထောင်ဒိုင်၏ လိမ်လည်လှည့်ဖျားမှုကို  ရှာဖွေတွေ့ရှိသွားသောကြောင့် ဇာတ်ပွဲများတွင် ခင်းကျင်းထားသော လောင်းကစားဝိုင်းများ အားလုံးကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။

“အဲဒီလူကိုကြည့်ရတာကတော့ အရာရှိပိုင်းကပဲ ဖြစ်မယ်၊ ဘယ်အဆင့် ရှိလဲတော့ မသိဘူး၊ သူငွေ ၁၇ သိန်း ရှူံုးသွားပြီးတော့ မသင်္ကာတာနဲ့ အဲဒီဒိုင်မှာ ရှာဖွေစစ်ဆေးကြည့်တယ်၊ အဲဒီမှာ ဘောနီထောင်ကို ထိန်းချုပ်နိုင်တဲ့ remote control ကို တွေ့သွားတာပဲ၊ ဒါနဲ့ သူ့ပိုက်ဆံတွေ သူပြန်တောင်းတယ်၊ ပေးရင်ပေး မပေးရင် ပစ်သတ်မယ်လို့ ပြောတော့ ဟိုက ပြန်ပေးလိုက်ရ တာပေါ့၊ အဲဒါဖြစ်ပြီးတာနဲ့ ဒီမြို့ပေါ်မှာ ရှိတဲ့ လောင်းကစားဝိုင်းတွေ အားလုံးကို ပိတ်ပစ်လိုက် တာပဲ” ဟု ကိုယ်တိုုင်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

“ကစားဝိုင်းတွေကတော့ အများကြီးပဲ၊ အဓိဌာန်အောင်ဘုရားက လွဲပြီးတော့ ပွဲရှိတဲ့နေရာတိုင်း မှာ ရှိတယ်၊ ပွဲတွေကလည်း ဘုန်းကြီးကျောင်းတွေမှာချည်းပဲ ဖွင့်ထားတယ်၊ ဓမ္မရန်အောင် ကျောင်း၊ မိကျောင်းကုန်းကျောင်း၊ ဟေမာန်ဦးကျောင်း၊ ကိုးနဝင်းကျောင်းတွေမှာရှိတဲ့ လောင်း ကစားဝိုင်းအားလုံးကို အဲဒီကိစ္စဖြစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ အားလုံးအပိတ်ခံလိုက်ရတယ်၊ ဒါပေမယ့် ကမ်းနားဘက်မှာရှိတဲ့ သူတို့ ဂိတ်နံပါတ် ၁၃ မှာတော့ မပိတ်ဘူး၊ အဲဒီမှာက မြဝတီမှာဆိုရင် မဲဆောက်ကနေ ပစ္စည်းတွေ အများဆုံး ကဲ့နေတဲ့နေရာလည်းဖြစ်တယ်၊ သူတို့ ဂိတ်လည်း ဖြစ်နေလို့ နေမှာပေါ”့ ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သော မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့တွင်လည်း မြဝတီမြို့ရှိ ဇာတ်စင်ဘေး၌ ကနေသူ တစ်ဦးကို DKBA အဖွဲ့သားတစ်ဦးက ဇာတ်ပွဲပြင်ပသို့ ခေါ်ဆောင်သွားပြီး ပစ်သတ်ခဲ့  သည်။

“အဲဒီလူအသတ်ခံရတဲ့လူက သူတို့ (DKBA) အဖွဲ့နဲ့ ရန်ငြိုးရှိထားတယ်၊ ဘယ်လိုရန်ငြိုးလဲတော့ မသိဘူး၊  အဲဒီနေ့က အဓိဌာန်အောင်ဘုရားက ဇာတ်စင်နံဘေး အဲဒီလူ ကနေတဲ့အချိန်မှာ DKBA က သူနဲ့ ရန်ငြိုးရှိခဲ့ဖူးတဲ့လူက လာခေါ်တယ်၊ လူအုပ်ကြီးရဲ့ အပြင်ဘက်ကိုရောက် တဲ့အခါမှာ အဲဒီလူက သံသယဖြစ်လာပြီးတော့ ဆက်မလိုက်တော့ဘူးငြင်းလို့ ပစ်သတ်လိုက်  တာ၊ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ ပစ်လိုက်တဲ့ ကျည်ဆံက အဲဒီလူရင်ဘတ်ကို ဖောက် ထွက်သွားပြီးတော့ နောက်မှာရှိနေတဲ့ လူတစ်ယောက်ကို သွားမှန်တယ်၊ အဲဒီလူလည်း ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးရုံတင်ထားရတယ်၊ သေသွားတဲ့လူကတော့ တစ်နေ့တုန်းက DKBA ကနေ တာဝန်ယူပြီးတော့ အသုဘ ချပေးတယ်” ဟု မြဝတီမြို့သားတစ်ဦးက ပြောသည်။

၎င်းက ဆက်ပြောသည်မှာ ယနေ့မှစပြီး ၉၉၉ ဂိတ်တွင် ရုပ်ရှင်သွင်းကာ လောင်းကစားဝိုင်းများ ကို စတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။

ဘောနီထောင် ကစားဝိုင်းဒိုင်များသည် DKBA အဖွဲ့အား တစ်ညလျှင် အကောက်ခွန် ကျပ်တစ် သိန်းပေးဆောင်ကြရပြီး၊ အန်ဂလုံခေါ် တောင်ပြို ကစားဝိုင်းတစ်ဝိုင်းအတွက် တစ်ညလျှင် ကျပ်ငါးသောင်း ပေးဆောင်ရသည်ဟု မြဝတီမြို့ခံများမှ ကြားသိရသည်။