မြဝတီနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများ လူကုန်ကူးပွဲစားနဲ့ အပြန်များလာ

မြဝတီနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများ လူကုန်ကူးပွဲစားနဲ့ အပြန်များလာ
by -
ဟွန်းဟကောင်း
ထိုင်းနိုင်ငံ၌ ၀င်ရောက် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် မြဝတီ နယ်စပ်ဘက်၌ နေ့စဉ်နှင့်အမျှ ပြန်လည် ၀င်ရောက် လာကြ သော်လည်း ယခုအခါတွင် ခါတိုင်း ထက်အရေအတွက် ပိုများလာ ...

ထိုင်းနိုင်ငံ၌ ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် မြဝတီ နယ်စပ်ဘက်၌ နေ့စဉ်နှင့်အမျှ ပြန်လည်ဝင်ရောက် လာကြ သော်လည်း ယခုအခါတွင် ခါတိုင်း ထက်အရေအတွက် ပိုများလာသည်။

ထိုင်းတောင်ပိုင်းမှ ပွဲစားတစ်ဦး၏ ပြောပြချက်အရ “ကော့သောင်းဘက်က တော့ နည်းနည်း ကြပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစစ်အဆေးက အရမ်းများတယ်၊ ပြီးတော့ ပြန်ချင်တဲ့ခရီး ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ဘူး၊ ကော့သောင်းကနေ တခါထပ်သွားလို့ရှိရင် လမ်းခရီးမှာ အစစ်အဆေးတွေ အများကြီး ရှိသေးတာကိုး၊ ဒါ့ကြောင့် ဘုရားသုံးဆူမဟုတ် ရင် မြဝတီဘက်ကနေ အပြန်များကြတယ်၊ အများဆုံးကတော့ မြဝတီဘက်ကပေါ့” ဟု ဆိုသည်။

မြဝတီနယ်စပ်ဘက်သို့ ပြန်လာသော အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငါခရိုင်မှ မြဝတီနယ်စပ်သို့ အရောက် ပွဲစားခ ဘတ် ၆၀၀၀ ပေးရပြီး ၎င်းတို့ကို အချုပ်ကားဖြင့် တင်ဆောင်လာသည်ဟု ဆိုသည်။ ထို့အပြင် လမ်းခရီးတွင် အတားအဆီးအ ဟန့်အတားမရှိ လွယ်ကူချောမွတ်စွာ ခရီးနှင်လာသည်ဟု ဆိုသည်။

၎င်းတို့ကို တင်ဆောင်လာသော ကားများသည်  မဲဆောက်မြို့နယ်ရှိ ထိုင်းမြန်မာနယ်စပ် ချောင်းနံဘေးတွင် ဂိတ်ဆုံးကာ ထိုမှတဆင့် လှေဖြင့် မြန်မာဘက်ကမ်းရှိ ကိုးသုံးလုံး DKBA စခန်းသို့ ကူးလာရသည်ဟု ယင်းအလုပ်သမားက ဆိုသည်။

ပွဲစားများနှင့် နီးစပ်သော မြဝတီမြို့သားတစ်ဦး၏ ပြောပြချက်အရ “ဒီလိုပြန် လာနေကြတာကတော့ နေ့တိုင်းပါပဲ၊ ဒါပေမယ့် ခုတလောက ခါတိုင်းထက် ဦးရေတွေ ပိုများလာတယ်၊ အားလုံး ကတော့ အချုပ်ကားနဲ့ချည်းပဲ ရောက်လာကြတာ၊ ဒါပေမယ့် ပြန်လာတဲ့ပုံစံချင်းကတော့ တစ် ရက်နဲ့တစ်ရက် ပုံစံချင်းမတူဘူး၊ တော်မော်လို့ခေါ်တဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ ကနေ ဖမ်းထားတဲ့လူတွေကို လာပို့တာကတစ်မျိုးနဲ့ နောက်တစ်မျိုးကတော့ ပွဲစားတွေနဲ့ ပြန် လာကြတာ၊ ပြီးတော့ သူတို့က တစ်လှည့်စီ၊ ဒီနေ့က ဖမ်းထားတဲ့အဖွဲ့ဆိုရင် နောက်တစ်နေ့ကျ တော့ ပွဲစားတွေအဖွဲ့ပေါ့၊ ဒါပေမယ့် အားလုံးကတော့ အချုပ်ကားနဲ့ချည်းပဲ”ဟု ဆိုသည်။

၎င်းက ဆက်ပြောသည်မှာ နယ်စပ်သို့ ပြန်ရောက်လာသော သူများသည် မဲဆောက်မှတဆင့် မြဝတီဘက်ကမ်းရှိ ကိုးသုံးလုံး DKBA စခန်းသို့ ၀င်ရောက်အစစ်ဆေးခံရပြီး၊ အဖမ်းခံထားရ သောသူများအတွက် ဘတ်ငွေ ၁၁၀၀ ကျပ်ဖြင့် သက်ဆိုုင်ရာ ဆွေမျိုးမောင်နှမမှ လာရောက် ရွေးယူရမည် ဖြစ်သည်။ အကယ်၍ ပွဲစားနှင့် ရောက်လာသော သူများအတွက်မူ ပွဲစားများက ရှင်းပေးပြီးသားဖြစ်သည်။ ၎င်းအပြင် ယင်း DKBA ဂိတ်မှ အပြင်သို့ ထွက်လာလျှင်လည်း ဂိတ် ဖြတ်ခအတွက် လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၅၀၀ ပေးဆောင်ရပြီး ၎င်းတို့ကိုလာကြို သော ပွဲစားကားများအတွက်လည်း တစ်စီးလျှင် ၃၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ ထိုကား သည် မြဝတီမြို့ပြင်ရှိ ဗမာစစ်တပ်ကို ဖြတ်ကျော်လျှင်လည်း ကားတစ်စီးလျှင် ၃၀၀၀၀ ကျပ် ပေးဆောင်ရသည်ဟု ဆိုသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ကျဆင်း မှုကြောင့် လည်းကောင်း၊ ရာဘာစျေးနှုန်း အဆမတန် ကျဆင်းသွားခြင်းကြောင့် လည်းကောင်း၊ ထိုင်းတောင် ပိုင်းရှိ ရာဘာခြံများတွင် ထိုင်းမွတ်စလင်များ၏ ဒမြတိုက် အကြမ်းဖက်မှုကြောင့် လည်းကောင်း၊ ထိုင်းရဲများ၏ နေရာအနှံ့ လိုက်လံဖမ်းဆီးခြင်းကြောင့် လည်းကောင်း ဤကဲ့သို့ အလုပ်ဆက် လုပ်ရန် အခက်အခဲအမျိုးမျိုးနှင့် ကြံုတွေ့ခဲ့ရသောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သည်  မိမိတို့၏ သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်နေကြသည်ဟု ထိုင်းတောင်ပို်င်းမှ ပွဲစားက ရှင်းပြခဲ့သည်။

Most read this week