ယခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ ့မှ စပြီး ချင်းပြည်နယ်၊ မြို့တော်ဟားခါးမြို ့တွင်း ဗိုလ်ချုပ်လမ်း တိုးချဲ့မည့် အစီအမံအပေါ် ဒေသခံပြည်သူများ ကန် ့ကွက်နေကြကြောင်း သိရသည်။
ပြည်နယ်အစိုးရအနေဖြင့် ဗိုလ်ချုပ်လမ်း ပြုပြင်တိုးချဲ ့မည့်အစီအစဉ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ပါက လမ်းမဘေး ရှိမြေနေရာများ နစ်နာဆုံးရှုံးမည့် ဒေသခံ (၄၂) ဦးမှ လက်မှတ်ရေးထိုးကာ ပြည်နယ် ၀န်ကြီးချုပ်ထံ ကန် ့ ကွက်စာ ပေးပို ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ (၂၇) ရက်စွဲ့ဖြင့် ပေးပို ့သည့်စာတွင် လမ်းတိုးချဲ ့ရာမည်ဆိုပါက နစ်နာကြေး ထောက်ပံ့ပြီးမှသာ လုပ်ဆောင်ရန်နှင့် ယင်းသို ့လုပ်ဆောင်ခြင်းမရှိပါက ဆန္ဒဖေါ် ထုတ်ခြင်းပြုလုပ်ကာ လိုအပ်သလို နိုင်ငံတော် သမ္မတ ထံ အရေးဆိုမည့်အပြင် ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အဆိုပါ ကန် ့ ကွက်စာတွင် ဖေါ်ပြထားသည်။
ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်ဦးဆောင်မှုဖြင့် လူထု သဘောထား မကောက်ခံဘဲ ကော်သုံးကော် က တိုင်းတာနေသည့်လမ်းတိုးချဲ ့ရေးအစီအစဉ် တွင် ဒေသ ခံ နေအိမ်များ၏ အိမ်နယ်မြေများထိခိုက်နေကြောင်း၊ လမ်းတိုး ချဲ ့ရေး ကို သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနကသာ တာဝန်ယူ လုပ်ဆောင်သင့်ပြီး ကော်သုံးကော်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ၀န်ကြီးချုပ်ထံ ပေး ပို ့သည့် စာတွင် ဖေါ်ပြထားသည်။
“ဆောက်လုပ်ရေးက လမ်းတိုးချဲ ့ရေးအတွက် တစ်ခါ လာတိုင်းတယ်။ အဲဒီအချိန်မှာ အိမ်တွေမထိခိုက်သေး ဘူး။ ပေ ၄၀ တိုးချဲ ့ဖို ့ပေါ့။ အခု ကော်သုံးကော်က သူတို ့ ဆန္ဒအတိုင်း ပေ (၆၀) အထိ တိုးချဲ ့ဖို ့ လုပ်လာတော့ အိမ် တော်တော် ထိလာမည့် အနေအထားဖြစ်လာတယ်။” ဟု ဟားခါးမြို ့နေ ဆလိုင်းဆုမ်းက ဆိုသည်။
ဟားခါးမြို ့ပေါ်တွင် ကော်သုံးကော်ဖွဲ ့စည်းခြင်းသည် မည့်သည့်အတွက် ဖွဲ ့စည်းသည်ကို ပြည်သူလူထုက သိရှိခြင်းမရှိကြောင်း၊ လူထုက ရွေးချယ်သည့် ကိုယ်စား လှယ်လည်း မဟုတ်ကြောင်း၊ ထို ့ကြောင့် လမ်းတိုးချဲ ့ ရေး လုပ်ငန်းကို ဆောက်လုပ်ရေးကသာ လုပ်ဆောင်သင့်ကြောင်း ဆလိုင်းဆုမ်း က ခိုနုမ်းသုန်သတင်းဌာန ကိုပြောပြပြခဲ့သည်။
ဗိုလ်ချုပ်လမ်းမကြီး တိုးချဲ ့ရေးကို ကော်သုံးကော်မှ တိုင်းထွာသည့် အတိုင်း အကောင်အထည်ဖေါ်ပါ က ဒေသခံ ပြည်သူများ နစ်နာဆုံးရှုံးမှု များမည်ဖြစ်ကြောင်းနှင့် အဆိုပါစီမံချက်ကို ယခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ မတ်လအထိ ပြီးစီးဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။
“ဒီဗိုလ်ချုပ်လမ်း တိုးချဲ ့ခြင်းကြောင့် လူထုတွေ ဆုံးရှုံးမှုဖြစ်တာထက် ချယ်ရီလမ်း၊ သီတာလမ်းတို ့ကို ကတ္တရာ ခင်းပါ။ ဒါဒေသခံ လူထုအတွက် ပိုအကျိုးရှိ မယ်။ ပြီးတော့ မြို ့ တွင်း လမ်းပြင်စရာတွေ အများကြီးရှိတယ်၊ ဒါတွေ လုပ်ရင် ပိုကောင်းမယ်ထင်တယ်” ဟု ဆလိုင်းကဆိုသည်။