လပိုင်းသာရှိသေးသည့် ဘုံတလာရေတံခွန် ကတ္တရာလမ်း လုံးဝနီးပါး ပျက်စီးနေ

လပိုင်းသာရှိသေးသည့် ဘုံတလာရေတံခွန် ကတ္တရာလမ်း လုံးဝနီးပါး ပျက်စီးနေ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို ့နယ် ဘုံတလာရေတံခွန် သွားရောက်နိုင်ရန် ဖောက်လုပ်ခဲ့သည့် ကတ္တရာ လမ်းမှာ လုံးဝနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

မတူပီမြို ့နယ် ဖနိုင်မှ ထီစောင်းကျေးရွာ အကြား ကတ္တရာ ကားလမ်း ဆောက်လုပ်ရေးကို နိုင်မင်းဆောက် လုပ်ရေး ကုမ္ပဏီမှ ၂၀၁၃- ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး မိုးရာသီအတွင်း ယခု ကဲ့သို ့ ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

DSC05091-300x225

“အခု မော်တော်ဆိုင်ကယ်တောင် မသွားနိုင်ဘူး၊ ဒီလမ်းက တောင်သူတွေ လယ်ယာခင်းလုပ်နေတဲ့ လမ်းဖြစ်တဲ့ အတွက် ဆိုင်ကယ် သွားနိုင်ဖို ့ ပြုပြင်ကြတယ်။ ကားတော့ လုံးဝသွားလို ့မရဘူး။ လမ်းခင်းတာ မေလလောက် မှာ ပြီးတယ်။ အခု ပျက်ပြီဆိုတော့ လပိုင်းဘဲခံတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကတ္တရာလမ်းသည် ဖနိုင်ကျေးရွာမှ ထီစောင်းကျေးရွာ အနီး လေမျိုချောင်းအထိ (၃) မိုင်ခန် ့ ရှည်လျားပြီး ပြည်နယ်အစိုးရက နိုင်မင်းဆောက်လုပ်ရေး ကုမ္ပဏီကို တာဝန်ယူ ဆောက်လုပ် ခိုင်းခြင်းဖြစ် ကြောင်း သိရသည်။

“ကုမ္ပဏီက အဲဒီ ကတ္တရာလမ်းမှာ ရေပြွန်တွေစနစ်တကျ မလုပ်တာရယ်ကြောင့် ရေတိုက်စားမှုတွေကြောင့် လမ်းတော်တော် ပျက်တာ။ ရေပြွန်လုပ်တာ သစ်သားနဲ ့ လုပ်တာဆိုတော့ မကြာဘူး ပျက်သွားတယ်။ ကတ္တရာ လမ်းကလည်း မခံဘူး မိုးရွာတော့ ပျက်စီးကုန်တာဘဲ” ဟု ဒေသခံ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ချင်းပြည်နယ် မူလကတ္တရာလမ်း (၂၉၈) မိုင် (၁) ဖါလုံရှိခဲ့ရာမှ အစိုးရသစ်တက်လာပြီး ၂၀၁၄ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ ့တွင် ကတ္တရာလမ်း (၃၄၆)မိုင်အထိ တိုးချဲ ့ဆောက်လုပ်နိုင်ကြောင်း၊ ထို ့အပြင် ကျောက်ခင်း လမ်း (၃၂) မိုင် (၇) ဖါလုံ တိုးချဲ ့ ဆောက်လုပ်ခဲ့ကြောင်း ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦး ငွန်ဆန်းအောင်က စက်တင်ဘာလတွင် ကျင်းပပြုလုပ်သည့် ပြည်နယ် လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရသည်။