ကန်ပက်လက်တွင် လိုင်စင်သက်တမ်းတိုးခ (၃)ဆ ကောက်ခံ

ကန်ပက်လက်တွင် လိုင်စင်သက်တမ်းတိုးခ (၃)ဆ ကောက်ခံ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို ့တွင် မော်တော်ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီး အတွက် လိုင်စင်သက်တမ်းတိုးခ (၃)ဆကျော် အထိ ကောက်ခံကြောင်းသိရသည်။

သက်ဆိုင်ရာ အစိုးရရုံးများတွင် ဆိုင်ကယ်လိုင်စင်တိုးခ ကျပ်ငွေ- (၅၄၀၀) ပေးဆောင်ရာမှ ယခု ဆိုင်ကယ် တစ်စီးအတွက် ကျပ်ငွေ (၂၂၀၀၀) ပေးဆောင်ခိုင်းကြောင်း ကန်ပက်လက်မြို ့ ဒေသခံတစ်ဦးထံမှ သိရသည်။

“ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတာရယ်၊ ယဉ်မောင်းလိုင်စင် (သင်မောင်း)ကို ပွဲစားကနေ တဆင့် လုပ်ပေး တာဖြစ်တယ်။ ပွဲစားက အသုံးပြုတဲ့ တံဆိပ်တုံးမှာ “အကြံပေးအကျိုးတော်ဆောင်၊ မြန်မာ့မီးရထား၊ တိုင်း (၁၀)၊ ဂန် ့ဂေါမြို ့” လို ့ ပါတယ်” ဟု အဆိုပါဒေသခံ ကဆိုသည်။

ပွဲစားမှာ ပခုက္ကူမြို ့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (ကညန) ရုံးမှ ၀န်ထမ်း ဦးသောင်းထွန်းက ကန်ပက်လက်မြို ့၌ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပေးရန် စေလွှတ်သော ဂန် ့ဂေါမြို ့နယ်မှ ဦး လှအောင်ဖြစ်ပြီး၂၀၁၄ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ ့မှ (၁၈) ရက်နေ ့အထိ ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။

ဦးလှအောင်က ကန်ပက်လက်မြို ့ခံ နှစ်ဦးကို နေ ့စားခ (၅၀၀၀) ကျပ် ပေးပြီး လိုင်စင် သက်တမ်း တိုးခြင်း လုပ်ငန်း ကို ပြုလုပ် ခဲ့ကြောင်း၊ နှစ်ရက် အတွင်း ဒေသခံ ပြည်သူ ယဉ်မောင်း (သင်မောင်း) လိုင်စင် ပြုလုပ်သူ (၂၃၀) ဦးရှိပြီး လူတစ်ဦးလျှင် ကျပ်ငွေ (၄၀၀၀) စီကောက်ခံခဲ့ကြောင်း သိရသည်။

ထိုအပြင် ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးသူ (၁၅၄) ဦးရှိပြီး ဆိုင်ကယ်တစ်စီးလျင် ကျပ်ငွေ (၂၂၀၀၀) စီ ကောက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသခံက “ပွဲစားက အခုလိုလုပ်လာတာ သိပ်တော့ မယုံသင်္ကာဖြစ်စရာဘဲ၊ ဒါပေမဲ့ တံဆိပ်တုံးနဲ ့ ဘာနဲ ့ လာတော့ ယုံရခက် မယုံရခက်ဖြစ်နေတယ်၊ သူ ့ (ဦးလှမောင်) ကို မယုံသင်္ကာ ဖြစ်သူတွေကတော့ ပခုက္ကူမှာ ဘဲ သွားလုပ်ကြတယ်” ဟုဆိုသည်။

အမှန်မှာ ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းကို သက်ဆိုင်ရာရုံးများတွင် ပြုလုပ်ပါက ဆိုင်ကယ်တစ်စီးလျင် ကျပ်ငွေ (၅၄၀၀) သာပေးဆောင်ရသည်။ အကယ်၍ နောက်ကျပြီး ပြုလုပ်ပါက နောက်ကျကြေး အပါအဝင် ကျပ်ငွေ (၇၄၀၀) သာ ပေးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။