အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ ဇိုခါွထား (မီဇိုရမ် ဘက်ကမ်း) တွင် မြန်မာနိုင်ငံသား ချင်းအမျိူးသားတစ်ဦးထံမှ ၅.၅၆ မမ သေနတ်ကျည်ဆံ အတောင့် ၅၀၀၀ ကို မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် အာသံတပ်တို ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
အာဏာပိုင်များက ကြိုတင်သတင်းရရှိထားချက် အရ ဇိုခွါထားကျေးရွာရှိ နေအိမ်တခု ကို အောက် တိုဘာလ ၁၆ ရက် နံနက်ပိုင်း ၃ နာရီခန့်၌ ၀င်ရောက်စစ်ဆေးရှာဖွေရာ ကလေးမြို့ တာဟန်း ရပ်ကွက်တွင် နေထိုင်သူ Nang Go Tuang အား ကျည်ဆံ ၅၀၀၀ နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ထုတ် ဗန်လိုင်းနီ သတင်းတွင် ဖေါ်ပြထားသည်။
အဆိုပါကျည်ဆံ၏ ကာလပေါက်စျေးမှာ အိန္ဒိယရူပီးငွေ ၁၅ သိန်း(ကျပ်ငွေသိန်း ၂၀၀ ကျော်) တန်ဖိုးရှိသည် ဟုခန် ့မှန်းထားကြပြီး တရားခံအား ကျန်ဖိုင်းမြို ့ အာဏာပိုင်များက ထိန်းသိမ်း ထားကြောင်း သိရသည်။
အလားတူ ၂၀၁၄ခုနှစ် ဧပြီလ (၄) ရက်နေ၌ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခွါထား ဘက်မှ မီဇိုရမ်ပြည် ဘက်သို့ ထွက်လာသော ကားကို ကျန်ဖိုင်းမြို့နယ် Khankawn စစ်ဆေးရေး ဂိတ်တွင် ရှာဖွေစစ် ဆေးရာ ကားထဲဝှက်ထားသော လက်နက် M4 A1 carbine machine gun (colt 5.56) တလက်၊ ကျဉ်စံ ၁၂ တောင့်၊ ကျဉ်ဘောက်တစ်ခု၊ အေကေ ၄၇ အမျိူးစား ရိုင်ဖယ် ၄ လက်၊ ကျဉ်ဆံ ၁၂၀၀၊ ကျဉ်ဘောက် ၄ ခုနှင့်အတူ ပိုင်ရှင်ဟု ယူဆရသော ကလေးမြို ့ တာဟန်းရပ် ကွတ်နေ ဦးဇမန်းအား ဖမ်းဆီးခဲ့သည်။
ထို ့အပြင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော Research Department Explosive (RDE) ခေါ် ဗုံးပြုလုပ်ရန် အသုံးပြုသော ပစ္စည်းကိရိယာကို လွန်ခဲ့သည် ့ ဧပြီလ ရက်နေ့က အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။