(၉) ကြိမ်မြောက် ချင်းပြည်နယ် ပုံမှန် လွှတ်တော်အစည်းအဝေးက ပြဌာန်းရန် အတည်ပြုခဲ့ သည့် ရေချို ငါးဖမ်းလုပ်ငန်း ဥပဒေ အကောင်အထည် ဖေါ်မည်ဆိုပါက လုပ်ပိုင်ခွင့်လိုင်စင်ရရှိသူ များနှင့် လူထုအကြား ပြသနာများ ဖြစ်ပွါးနိုင်ကြောင်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို ့၌ စက်တင်ဘာလ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပခဲ့သော ပထမ အကြိမ် ချင်းပြည်နယ် လွှတ်တော် နဝမမြောက် ပုံမှန်အစည်းအဝေးတွင် ရေချို ငါးဖမ်းလုပ်ငန်း ဥပဒေပြဌာန်းရန် အတည် ပြုကြပြီး တဆက်တည်း ယင်းဥပဒေကို အကောင် အထည်ဖေါ် ဆောင် ရွက်သွားရန်ရှိကြောင်း သိရသည်။
“ကျတော်တို ့ ချင်းလူမျိုးတွေဟာ အုပ်စုလိုက် ငါးဖမ်းခြင်းကို ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုလို ကျင့်သုံးလာတာ ဖြစ်တယ်၊ အခုလို အုပ်စုလိုက် ငါးဖမ်း (Ngahring dawi) ဓလေ့ဟာ အချင်း ချင်းကြား ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖွဲ့မှုကို အဓိကရည်ရွယ်တဲ့ သဘောပေါ့ ” ဟု ထန်တလန်မြို ့ခံ Salai Josephbawi ကဆိုသည်။
ယင်းဥပဒေကို အကောင်အထည်ဖေါ်မည်ဆိုပါက ချင်းလူမျိုး၊ အထူးသဖြင့် လူငယ်များက အဖွဲ ့ လိုက် ပျော်ပွဲရွှင် ပွဲလို ကျင့်သုံးလာတဲ့ ရိုးရာဓလေ့နဲ့ ဆန့်ကျင်နေကြောင်း အကယ်၍ ငါးဖမ်း လုပ်ငန်း ဥပဒေကို ဘွေနူး ခေါ် ကုလားတန် မြစ်ကြီးတစင်းတွင်သာ အကောင် အထည်ဖေါ် သင့်ကြောင်း ဆက်ဆိုသည်။
ချင်းပြည်နယ်အဝှမ်း မြစ်ချောင်း အားလုံးတွင် ယင်းဥပဒေ ကို ကျင့်သုံးမည်ဆိုပါက ငါးဖမ်းလိုင်စင် ရရှိသူနဲ့ လူထုအ ကြား မလိုလားအပ် သည့်ပြသာနာများ ပေါ်ပေါက်လာနိုင်သောကြောင့် လိုင်စင်ကို လုပ်ကိုင်ခွင့်ရှိသည့် မြစ်ချောင်းကို သတ် မှတ်ရန် လိုအပ်ကြောင်း Josephbawi က ခိုနုမ်းသုန် သတင်းဌာနသို့ ဆက်ပြောသည်။
“ဒီဥပဒေပြဌာန်းပြီး အကောင်အထည်ဖေါ်လာမည်ဆိုရင် ဒေသခံလူထုနဲ ့ အစိုးရက လိုင်စင်ရ သူတွေ အကြား ပြသာ နာဖြစ်ဖို ့ ပိုများတယ်။ လဒ်ပေးလဒ်ယူမှုတွေ မတော်မတရား ဖမ်းဆီး မှုတွေ ဖြစ်ပေါ်လာပြီးတော့ ခိုး ကြောင် ခိုးဝှက် ငါးဖမ်းတာတွေ ရှိလာမယ်” ဟု ပြောသည်။
ရေချိုငါးဖမ်းလုပ်ငန်း ဥပဒေပေါ်ပေါက်လာပါက လိုင်စင်ရရှိသူ၏ ခွင့်ပြုချက်မရဘဲ မည်သူမဆို ငါးဖမ်းခြင်း ပြုနိုင်တော့ မည်မဟုတ်ကြောင်း၊ သို့သော် လိုင်စင်လျှောက်သူများအနေဖြင့် လုပ်ကိုင် လိုသည့် မြစ်ချောင်း အနီးအနားရှိ ဒေသခံ ကျေးရွာ လူထု ထောက်ခံမှု ရရှိမှ သာ လျှောက်ထားနိုင် သည်ဟု ရေချို ငါးဖမ်းလုပ်ငန်း ဥပဒေတွင် ထပ်ဖြည့် ပြဌာန်း ရန် ပြည်နယ်လွွှတ်တော်က သဘောတူ ထားကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ပူး လာလ်မောင်ကျုံးက ပြောသည်။