ကလေးမြို့အခြေစိုက် LT H B က သွေးစတင် လှူဒါန်း

ကလေးမြို့အခြေစိုက် LT H B က သွေးစတင် လှူဒါန်း
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်း ကလေးမြို ့ရှိ ချင်းလူမျိုးအများစု နေထိုင်ရာနေရာများတွင် Laimi Thi Hlut Bu (LTHB) ခေါ် Chin Blood Donation Group က ဦးဆောင်ပြီး သွေးလှူမှုများကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို ့ စက်တင်ဘာလက စပြီး လုပ်ငန်းစ ဖို့ ဆုံးဖြတ်ထားသလိုပဲ အခု လုပ်ငန်းစတာပါ၊ ကျတော်ကိုယ်တိုင် အရင်ပတ် ဗုဒ္ဓဟူးနေ ့မှာ လူနာနှစ်ယောက်အတွက် အရင်ဆုံးစလှူတယ်၊ မနေ ့ကလည်း ကျတော်တို ့အဖွဲ ့ဝင် ကနေ လူနာတစ်ယောက်အတွက် ထပ်လှူခဲ့တယ်” ဟု LTHB ဥက္ကဌ Pastor Sang Uk Cung  က ပြောသည်။

Thi-hlut03

ချင်းလူမျိုးများသည် လူနာအတွက် သွေးလှူခြင်း အလေ့အထ မရှိသည့်အပြင် သွေးလှူခြင်းကို စိုးရွံ့နေ ကြကြောင်း ထို့ကြောင့် သွေး လှူခြင်း၏ အကျိုးကျေးဇူးများကို လူထုထံ ပညာပေးမှု အထူးပြုလုပ်ရန် လိုအပ်ကြောင်း LTHB ဥက္ကဌက ခိုနုမ်းသုန်သတင်းဌာနသို ့ပြောသည်။

ယခင်ကာလများတွင် ချင်းလူမျိုးများအကြား သွေးလှူရှင် အားနည်းနေသောကြောင့် သွေးလို အပ်နေသည့် လူနာများ အထူးသဖြင့် ချင်းလူနာများအတွက်  ဘုန်းကြီးကျောင်းများတွင် အကူ အညီတောင်းခံလေ့ရှိကြောင်း၊ ချင်းလူမျိုးများ အနေဖြင့် သွေးလှူခြင်းရဲ့ အကျိုးကို နားလည် သဘောပေါက်ဖို့ လိုအပ်ကြောင်း ပြည်တွင်း ပြည်ပရှိ ချင်းလူမျိုးက လည်း မိမိတို့ LTHB ရဲ့ ယခုလှုပ်ရှား လုပ်ဆောင်နေမှုအပေါ် ထောက်ပံ့ကူညီဖို့ မေတ္တာ ရပ်ခံကြောင်း သိရသည်။

LTHB သည် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် ၂၀၁၄ခုနှစ် သြဂုတ်လ (၁၈) ရက်နေ ့တွင် အစည်း အဝေး ပြုလုပ်ပြီး ကလေးမြို ့ရှိ ချင်းခရစ်ယာန်အသင်းများမှ ရံပုံငွေထည့်ဝင်စေရန် သက်ဆိုင်ရာ ဘုရားကျောင်း အသီးသီးအား သတ်မှတ်ပေးခဲ့သည်။

LTHB သည် လူနာအတွက် သွေးလှူဒါန်းလိုသူများ စာရင်းကို စတင်ကောက်ခံခဲ့ရာမှာ (၃၅) ဦးက နာမည်စာရင်း ပေးသွင်းထားကြောင်း  စာရင်းပေးသွင်းထားသည့် သွေးလှူရှင်များကို သက်ဆိုင် ရာ ပြည်သူ ့ ဆေးရုံးတွင် စစ်ဆေးပြီး ဆက်လက် လှူဒါန်းသွား မည်ဖြစ်ကြောင်း LTHB ဥက္ကဌက ဆိုသည်။

ချင်းပြည်နယ်မြို ့တော် ဟားခါးတွင် Cunghu Blood Donation Organization ကို ၂၀၀၄ ခုနှစ်တွင် ထူထောင်ခဲ့ရာ နိုင်ငံတကာရှိ ချင်းလူမျိုးများထံမှ ထောက်ပံ့မှုလည်း ရရှိနေကြောင်း၊ ၂၀၁၄ ခုနှစ်အထိ အမေရိကန်ရောက် ချင်းလူမျိုး (၁၈၀၀)ဦး Cunghu Blood Donation Organization ရဲ့ အဖွဲ ့ဝင် အဖြစ်ပါ၀င် လာကြောင်း သိရသည်။

” Pu Cunghu က လွန်ခဲ့တဲ့ (၄) လ ကတည်းက ကလေးမြို ့မှာ သွေးလှူရေးအဖွဲ ့ ဖွဲ ့ဖို ့ပြောပြီးပြီ၊ ဒါပေမဲ့ အခု ကျတော်တို ့အဖွဲ ့နဲ ့ အဆက်အသွယ်တော့ မလုပ်ဖြစ်သေးဘူး၊ သူနဲ ့အတူတူလုပ် ဖို ့တော့ ရှိတယ်၊ ကျတော်တို ့ဖွဲ ့ တာလည်း မကြာသေးဘူးဆိုတော့ ဒါတွေက မလုပ်ဖြစ်သေးဘူး၊ Pu CungHu အနေနဲ ့လည်း ကျတော်တို့ အဖွဲ့ကို ကြိုဆိုမှာပါ၊ လုပ်ငန်းအတူတူ လုပ်နိုင်ကြမယ် လို ့ မျှော်လင့်တယ်” ဟု ပါစတာက ဆိုသည်။

ကလေးမြို ့ရှိ ချင်းခရစ်ယာန်အသင်းတော်ခေါငး်ဆောင်းများသည် ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ က့ Carson Baptist Church တွင်တွေ့ဆုံဆွေးနွေးရာမှ LTHB ကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ ့ တွင် ဖွဲ ့ စည်း ခဲ့ကြ သည်။