သာသနာရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် ((Institute of Chin Affair) က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇွန်လ ၁၄ ရက်နေ့ကပေးပို့လိုက်ကြောင်းသိရသည်။
အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း ကို မြန်မာနိုင်ငံတွင် ဥပဒေတရပ် အနေဖြင့် ပြဌာန်း လိုက်ပါ က နိုင်ငံတော် အစိုးရမှ နှစ်ပေါင်းများစွာတစိုက်မတ်မတ် ကြိုးစားအားထုတ်လာ ခဲ့သော ပြည်ထောင်စုမပြိုကွဲရေး နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေနိုင်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affair) က ပြောဆိုထားသည်။
မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာ ကူးပြောင်းလိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရ မည် ဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာမှ အခြား ဘာ သာ သို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ်မဟုတ်ကို ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။
ယင်းကဲ့သို့ အသက်အရွယ်ကန့်သတ်ထားမှုသည် အခြေခံဥပဒေတွင် ဖော်ပြထားသော လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဆန့်ကျင်ရာရောက်ကြောင်း၊ လွတ်လပ်စွာ ကို်းကွယ်ယုံကြည် ခွင့် ကို အလွဲသုံးစားပြုလုပ် မည့်အရေး စိုးရိမ်စရာမရှိသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိကြိုက်နှစ်သက်ရာဘာသာကို ရွေး ချယ်ရန် ဆန္ဒရှိသူတစ်စုံတစ်ဦးအပေါ်တွင် အသက်အရွယ်ကန့်သတ် ထားခြင်းများ ပြုလုပ်ခြင်း မရှိကြောင်း နိုင်ငံတော် သမ္မတ ဦး သိန်းစိန်ထံ ဇွန်လ ၁၄ ရက်နေ့ကပေးပို့လိုက် ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၄) တွင် “ နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆ နိုင်သောအခွင့်အရေး၊ လွတ်လပ်စွာ ကို်းကွယ် ဆောက်တည်နိုင်သောအခွင့်အရေးတို့ကို အညီအမျှရှိစေရမည်’’ ဟု ပါရှိသည်။
နိုင်ငံသားတိုင်းအနေဖြင့် မိမိကြိုက်နှစ်သက်ရာဘာသာကို ရွေးချယ်ကို်းကွယ်ရန် အသက်အရွယ်ကန့်သတ် ချုပ်ချယ်ထားခြင်းသည် နိုင်ငံတကာ ညီလာခံသဘောတူညီချက် များနှင့်သော်လည်းကောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းများနှင်သော်လည်းကောင်း ဆန့်ကျင် ဖက်ဖြစ်နေသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) တွင် “ လူတိုင်းတွင် လွတ်လပ်စွာ ယူဆနိုင် သောအခွင့် အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး၊ ကိုးကွယ်ရာဘာသာကူး ပြောင်းနိုင်သော အခွင့် ရေးရှိသည်’’ ဟု ဖော်ပြထားသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်းလိုသူသည် အစိုးရမှတ်ပုံတင် ဌာနတွင် မိမိကိုယ် တိုင် လျှောက်ထားရမည်ဖြစ်ပြီး၊ မှတ်ပုံတင်ဌာနရှိ အစိုးရအရာရှိအနည်းဆုံး ၄ ဦးတို့၏စစ်ဆေးမေး မြန်း မှုကိုခံ ယူရ မည်ဖြစ်သည့် အပြင် လျှောက်လွှာပေါ်တွင် မိမိ၏ ကိုယ်ရေး အချက်အလက်များပါ ရေးသားဖော်ပြရမည်ဟု ပါရှိ သည်။
ယင်းပြဌာန်းချက်သည် ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သက်ချူပ်ချယ် ထား ခြင်းဖြစ်သည့် အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ ကလေးသူငယ်များဆိုင်ရာ နိုင်ငံတကာ ညီလာခံ စာချူပ် တို့တွင် ပြဌာန်းထားသော လူ့အခွင့်အရေး စံချိန်စံညွန်းများနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်ဟု ချင်းရေးရာအ ဖွဲ့ချုပ်က ပြောသည်။
“အခြားကိုးကွယ်ရာ ဘာသာတခုခုသို့ ကူးပြောင်းခြင်းသည် အဆိုပါဘာသာသို့ ကူးပြောင်းလိုသူကာယ ကံရှင်၏ ဆုံးဖြတ်ချက် တစ်ခုတည်းအပေါ်တွင်သာ လုံးဝမူတည်သည်၊ ဘာသာတရားတခုခုကို သက်ဝင်ယုံကြည်ခြင်းသည် နာမ်ဝိညာဉ်သဘော၊ တစ်သီးပုဂ္ဂလ သဘောနှင့်သာ သက်ဆိုင်သည့်အတွက် ဘာသားတရားကူးပြောင်းလိုသူ ကာယကံရှင် ကိုယ်တိုင်သာလျင် မည်သည့်ဘာသာတရားကို သက်ဝင်ယုံကြည်မည်ဖြစ်ကြောင်း၊ နောက်ဆုံး ဆုံးဖြတ်ပိုင် ခွင့်ရှိသည်၊ မိမိ တသီးပုဂ္ဂလ သက်ဝင်ယုံကြည်မှု အပေါ်တွင် အစိုးရအာဏာ ပိုင်များ အနေဖြင့် ကန့်သတ် ချုပ်ချယ်မှုများ ချမှတ်ပိုင်ခွင့်မရှိ’’ ဟု ဖော်ပြထားသည်။
အငြင်းပွားဖွယ်ရာဖြစ်သော ယင်းဥပဒေမူကြမ်းသည် ဘာသာရေးဆိုင်ရာ သည်းညည်းမခံနိုင်မှု၊ ခွဲခြားဆက်ဆံမှု များဖြစ်ပေါ်စေနိုင်ပြီး၊ ဘာသာတရားအမျိုးမျိုးကို သက်ဝင် ယုံကြည်ကြသော မြန်မာနိုင်ငံသားများအကြားတွင် စိတ်သ ဘောထား ကွဲလွဲမှုဖြစ်ပေါ်စေကာ စည်းလုံးမှုပါ ပျက်ပြားစေနိုင် သည်ဟု ချင်းရေးရာအဖွဲ့ကထောက်ပြထားသည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ဤဥပဒေမူကြမ်းအား ဥပဒေအဖြစ် ပြဌာန်းခြင်းမပြုရန် ထိရောက် သော အရေးယူဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ပေးရန်၊ ကန့်သတ်ချူပ်ချယ်မှု၊ ဖိနှိပ်မှု နှင့် ခွဲခြားဆက် ဆံမှုရှိသော ဤဥပဒေမူကြမ်း အား နောင် အနာဂတ်တွင် တင်သွင်းအဆိုပြုခြင်း၊ ပါလီမန်တွင် တင်သွင်းဆွေး နွေးခြင်း များကို ထိရောက်စွာ တားမြစ်ရန်၊ ပြည်ထောင် စု မြန်မာနိုင်ငံသားတိုင်းအပေါ် အကျိုး သက်ရောက်မှုရှိနိုင်သော အဆိုပြု ချက်များ၊ ဥပဒေကြမ်းများသည် နိုင်ငံ တကာလူ့အခွင့်အ ရေးစံချိန်စံညွန်းများနှင့်သော်လည်းကောင်း ၊ ပြည် ထောင် စုမြန်မာနိုင်ငံတော် အခြေခံဥပဒေပါ လူ့အခွင့် အရေးပြဌာန်းချက်များနှင့်သော်လည်းကောင်း ညီညွတ်မှု ရှိစေ ရေးအ တွက် ဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုကြောင်း သမ္မတထံပေးပို့သော ချင်းရေးရာ အဖွဲ့ချုပ်၏ စာတွင် ဖော်ပြထားသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင် စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ဇွန်လ ၁၂ ရက်နေ့ က ကြေညာချက်တရပ်ထုတ်ပြန်ကာ ၂၁ ရာစုတွင်မရှိသင့် တော့သော ဥပဒေဖြစ် သည်ဟု ဝေဖန်လိုက်ပြီး အစိုးရ အနေဖြင့် ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။
အလားတူ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ နှင့် ချင်း၊ ကချင်၊ ကရင် အပါအဝင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့အစည်း ၈ဝ ကျော်ကလည်း မျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ ကြိုးပမ်းနေမှုကို ပြန်ရုတ်သိမ်းပေးရန် ဇွန်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်း ဆိုခဲ့ပြီး၊ ဥပဒေ အဖြစ် ပြဌာန်း မည်ဆို ပါက အခြေခံလူ့အခွင့်အရေး ချိုးဖောက် မှု များ၊ မွတ်စလင် နှင့် အခြားလူနည်းစု တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု များ နောက် ထပ်ဖြစ်ပွား လာနိုင်ကြောင်း ဝေဖန် ထောက်ပြခဲ့ကြသည်။