ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက် မနှစ်ကထက် တဝက် ကျဆင်း

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက် မနှစ်ကထက် တဝက် ကျဆင်း
by -
ခိုနူမ်းထုန်

၂၀၁၃ – ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ်တိုင်းဒေ သကြီးများ စာစစ်ဌာနများတွင်ဇွန်လ(ရ)ရက်နံနက်အချိန်တွင် ထုတ်ပြန်ကြေငြာလိုက်ရာ ချင်းပြည်နယ် ၏အောင်ချက်မှာ ၈.၀၇ ရာခိုင်နှုန်းသာရှိသည်။

ချင်းပြည်နယ်မှ ၂၀၁၃ -၂၀၁၄ စာသင်နှစ်အတွင်း ၁၀ တန်းဖြေဆိုသူပေါင်း ၁၀၁၀၂ အနက်၊ ၈၇၂၁ ဖြေဆိုကြပြီး ရ၀၄ ဦးအောင်သာ အောင်မြင်ခြင်းဖြစ်သည်။ ၉ မြို့နယ် စာစစ်ဌာနမှအကောင်းဆုံးမှာ ဖလမ်းမြို့နယ် စာစစ်ဌာန (၁၂. ၁၅% ) ဖြစ်ပြီး အည့ံဆုံးမှာထန်တလန်မြို့နယ်စာစစ်ဌာန (၂.၆၈%) ဖြစ်သည်။

ချင်းပြည်နယ်၏ ယင်းအောင်ချက်ပမာဏသည် ယခင် ၂၀၁၂-၁၃ ပညာသင်နှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် ချက်ရာခိုင်နှုန်းထက် အဆမတန် ကျဆင်းခဲ့သည်။ ယခင်နှစ်က ချင်းပြည်နယ်မှ ၁၆. ၅၂ ရာခိုင်နှုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသည်။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၈၇၂၁ ဦးရှိခဲ့ပြီး ရ၀၄ ဦးသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယင်းအထဲတွင် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး ၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၂၆)ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁၂၆)ဦးရှိသည်ဟုသိရသည်။

၂၀၁၂ -၂၀၁၃ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ ဖြေဆိုသူ ကျား ၃၁၂၂ ဦး၊ မ ၄၃၃၇ ဦး စုစုပေါင်း ရ၄၅၉ ဦး အနက် ၁၂၃၂ ဦး အောင်မြင်ခဲ့ကြပြီး ၄င်းအနက် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ( ၅ ) ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၅) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၁၄) ဦး စုစုပေါင်း ၅၅ ဦးရှိခဲ့သည်။