အမျိုးသမီးများ အခွင့်အရေးတောင်းဆိုသည့် ဆန္ဒပြပွဲ နယူးဒေလီ တွင်ပြုလုပ်

အမျိုးသမီးများ အခွင့်အရေးတောင်းဆိုသည့် ဆန္ဒပြပွဲ နယူးဒေလီ တွင်ပြုလုပ်
by -
ခိုနုမ်းထုန်

ချင်းဒုက္ခသည်အများစု နေထိုင်သည့် နယူးဒေလီမြို ့၌ မတ်လ ၈ ရက်နေ ့တွင်  ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီး များနေ ့တွင် မြန်မာဒုက္ခသည် အမျိုးသမီးအဖွဲ ့မှဦးစီးပြီး ဆန္ဒပြ ပွဲ တရပ် ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယအစိုးရနှင့် နိုင်ငံတကာ အဖွဲ ့အစည်းများအနေဖြင့် ဒေလီရှိ မြန်မာဒုက္ခသည်များကို ပိုမိုအာရုံစိုက် စောင့်ရှောက်စေလိုကြောင်း၊ လွန်ခဲ့သည် (၃)နှစ်အတွင်း ဒုက္ခ သည် အပေါ်အကြမ်းဖက်မှု၊ နှိပ်စက်မှု အကြိမ် (၂၀၀) ခန် ့ရှိခဲ့သည့်အနက် အမှု (၁၀၀) သည် မြန်မာဒုက္ခသည်များကို မုဒိန်းကျင့်ခဲ့သည့် အမှုများဖြစ် ခဲ့ကြောင်း၊ ယင်း အဖြစ် အပျက်များအပေါ် သက်ဆိုင်ရာ  တာဝန်ရှိသူများမှ မည်သည့် အရေးယူ ဆောင်ရွက် ပေးခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။့

အိန္ဒိယအစိုးရအနေဖြင့် ဒုက္ခသည်များကာကွယ်သည့် ဥပဒေပြဌာန်းပြီး ယင်းဥပဒေအရ တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုကြောင်း၊ အထူးသဖြင့် မြန်မာဒုက္ခသည်များ အကာအကွယ်ပေးနိုင်သည့် လုံခြံုရေး တာဝန်ရှိသူများ သီးသန် ့ထားစေ လိုကြောင်း ဖေါ်ပြထားသည်။

ဒေလီရှိ မြန်မာဒုက္ခသည်များသည် မိမိတို ့မိသားစု စားဝတ်နေရေး အခက်အခဲရှိနေသော်လည်း တာဝန်ရှိသူ များက အလုပ်ဖန် တီးပေးရေး၊ လူမှုရေး အထောက်အပံ့ပေးရေးနှင့် လုံခြုံစွာနေထိုင်နိုင်ရေး တို ့အတွက် အာဏာ ပိုင်များမှ လုပ်ဆောင်စေလိုကြောင်း လည်း ဖေါ်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ အဖွဲ ့အစည်းများအနေဖြင့် ဒေလီရှိ မြန်မာဒုက္ခသည် ကလေး သူငယ်များ ပညာသင်ကြား စရိတ်နှင့် ဒုက္ခသည်များ စားဝတ်နေရေး ပြေလည်နိုင်ရေး အတွက် ငွေရေးကြေးရေး ထောက်ပံ့ပေး သွား ရန် တောင်းဆိုထားသည်။

ဆက်လက်ပြီး မြန်မာအစိုးရမှ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် မှုများကို ရပ်တန့်ရန်နှင့် မုဒိန်းကျင့်ခြင်း၊ အမျိုးသမီး များ အပေါ် အကြမ်းဖက်ခြင်း ဆက် လက်ပြု လုပ်မည်ဆို ပါက အစိုးရက အကောင်အ ထည်ဖေါ်နေသည့် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် တက်လှမ်းနိုင်မည်မဟုတ်ကြောင်း ဆိုထားသည်။

ယင်းနိုင်ငံတကာ အမျိုးသမီးများနေ ့ကျရောက်သည့် ဆန္ဒပြပွဲတွင် ဒေလီရှိ မြန်မာဒုက္ခသည် ရ၀၀ ခန် ့ပါ၀င် ဆန္ဒပြခဲ့ကြကြောင်း အမျိုး သမီးအဖွဲ့ တာဝန်ရှိသူ Mai Sawm te က ခိုနုမ်းသုန် သတင်းဌာနကို ပြောကြား ခဲ့သည်။

Burmese Refugee Women Delhi (BRWD) သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို ့ရှိ မြန်မာ ဒုက္ခသည်များနှင့် အမျိုးသမီးများ အရေး အတွက် နိုင်ငံတကာ အဖွဲ ့အစည်း များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ ့ဖြစ်သည်။