ဖေဖေါ်ဝါရီ ၀၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသည့် ချင်းမျိုးနွယ်စု Mara Peoples Conference က ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် မိမိ Mara မျိုးနွယ်စု ဂုတ်နံပါတ် ” ၄၃၆” ကို ထည့်သွင်းရေးသားရန် သ ဘောတူကြသည်ဟု သိရသည်။
Mara လူထုအနေဖြင့် မိမိတို့၏ အမျိုးသားအမည် ” ချင်း ” ကို လက်ခံထားသော်လည်း ၂၀၁၄ ခုနှစ်သန်းခေါင် စာရင်း သည် မိမိ မျိုးနွယ်စု ၀ိသေသလက္ခဏာများနှင့် ပါတ်သက်ပြီး ရေရှည်တွင် မလိုလားအပ်သောပြသာနာများ ပေါ် ပေါက် မ လာနိုင်အောင် ခိုင်လုံသော အာမခံချက် မရှိဟု ယူဆရသဖြင့် မိမိမျိုးနွယ်စု “ဂုတ်” နံပါတ် ၄၃၆ ကို ဖြည့် သွင်း ရမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း မျိုးနွယ်စု ၁၃၅ စာရင်းတွင် Miran ဟု လွဲမှားစွာသုံးနှုန်းထားခြင်းအား Mara ဟု ပြင်ဆင်ပေးရန် နှင့် ချင်းပြည်နယ်အတွင်း သုံးမြို့နယ်ဖြင့် ပိုင်းခြားခံထားရသည့် Mara မျိုးနွယ်စုများနေထိုင်ရာ ဒေသ အား အုပ် ချုပ်ရေးနယ်ပယ် တခုတည်းတွင် ထားရှိပေးရန် အစိုးရအား တောင်းဆိုထားသည်။
Mara မျိုးနွယ်စုများ ဘာသာရေး၊ နိုင်ငံရေးတွင် တစည်းတလုံးတည်းရှိရန်၊ ယဉ်ကျေးမှု အရင်းအမြစ်များ ဖော်ထုတ် ရန်နှင့် မိမိတို့ ဓလေ့ထုံးတမ်းဥပဒေ များ ဖော် ထုတ်ပြုစု ရန် ညီလာခံက ထုတ်ပြန်ထားသည်။
Mara မျိုးနွယ်စုများ မျိုးချစ်စိတ်ပိုမိုရှင်သန်ရေး၊ ဘက်ပေါင်းစုမှ ပိုမိုစည်းလုံးညီညွတ်ရေး နည်းလမ်းကောင်းများ ရှာဖွေရန် Mara ပြည်သူ့ညီလာခံကို ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီရွာတွင် ခေါ်ယူကျင်းပကြပြီး ကိုယ်စား လှယ် စုစုပေါင်း ၁၈၆ ဦးတက်ရောက်သည်။
အစိုးရ၏ သန်းခေါင်းစာရင်းကောက်ခံလွှာတွင် “ချင်း”ဟူသောအမျိုးသားအမည်နာမနှင့် မျိုးနွယ်စုများ၏ အမည် နာမ ကိုတန်းတူရေးသားထားခြင်း၊ ချင်းလူမျိုးများ၏ ဆန္ဒသဘောထား မပါဘဲ ချင်းမျိုးနွယ် စုများ၏ အမည်နာမကို (၅၃)မျိုး အဖြစ်ခွဲခြားထားခြင်း၊ သန်းခေါင်စာရင်းကောက်ခံရေးအတွက် ချင်းအမျိုးသားများ၏ဆန္ဒသဘော ထားများမေးမြန်း ရယူခြင်းမရှိသည့်အပေါ် CNF က ကန့်ကွက်ထားသည်။
ချင်းအရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း လုပ်ငန်းစဉ်သည် ချင်းမျိုးနွယ်စု အရေအတွက်ကို သတ်မှတ်ခြင်းမပြုလုပ်ရန်နှင့် ချင်း မျိုးနွယ်စုများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ချင်းလူ ထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် ပိုမို ရရှိနိုင်မည့် အစီ အစဉ်များချ မှတ်ဆောင်ရွက် ပေးပါရန်နှင့် သန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု ရရှိနိုင် ရန် သန်းခေါင်စာရင်း စတင်ကောက်ယူ မည့်နေ ့ရက်ကို အနည်းဆုံး ရက်ပေါင်း (၃၀) ရွှေ့ဆိုင်းပေးပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က တင်ပြ ထားသည်။