ချင်းပြည်နယ်နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တည်ဆောက်မည်

ချင်းပြည်နယ်နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တည်ဆောက်မည်
by -
ခိုနုမ်းထုန်

မြန်မာနိုင်ငံအနောက်ဘက် ချင်းပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တစ်ခု တည်ဆောက် မည်ဖြစ် ကြောင်း ချင်းပြည်နယ်သို ့ရောက်ရှိ လာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

ထန်တလန်မြို ့နယ် မှောင်တလန်ကျေးရွာ အနီးတွင် ကုန်သွယ်ရေး စခန်း ဆောက်လုပ်ရန်စီစဉ် ထားကြောင်း၊ ယင်းကိစ္စဆောင်ရွက်နိုင်ရန် ၀န်ကြီးနှင့် ချင်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန် အပါအဝင် တာဝန်ရှိသူ များက ဇန်နဝါရီလ (၂၆) ရက်နေ ့တွင် သွားရောက်လေ့ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖေါ်ပြထားသည်။

ထို ့နောက် ၀န်ကြီးနှင့်အဖွဲ ့သည် ထန်တလန်မြို ့ ဆောက်လုပ်ရေးရိပ်သာ၌ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ ့ဆုံကာ ကုန်သွယ်ရေးလုပ်ငန်းများ ပြီပင်စွာ လည် ပတ်နိုင်ရေးအတွက် မိမိတို ့ရောက်ရှိ ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို ့နယ် ဖွံ ့ဖြိုးတိုးတက်ရေး အတွက် စက်ယန္တရားများ တင်သွင်းခွင့်ပြုပေးမည်ဖြစ် ကြောင်း ပြောကြားသည်ဟု သိရသည်။

ဆက်လက်ပြီး ၀န်ကြီးက ကုန်သွယ်မှု သင်တန်းများကိုလည်း ဟားခါးမြို ့၌ ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း၊ ထိုအပြင် ဒေသအတွင်း ပို ့ကုန်အရည်အသွေးရှိသော သီးနှံများ တိုးချဲ ့ စိုက်ပျိုး ရန်လိုအပ်ပြီး ထွက်ရှိသော သီးနှံများအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တင်ပို ့ရောင်းချရန် လိုကြောင်း၊ ယင်းအတွက် အစိုးရမှ စိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေး ပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပြောကြားသည်ဟု သိရသည်။

၀န်ကြီးနှင့်အဖွဲ ့သည် နယ်စပ်ကုန်သွယ်ရေး လမ်းဖောက်လုပ်မည့် လမ်းကြောင်းကိုလည်း သွားရောက် လေ့လာ ကြည့်ရှုကြောင်း သိရသည်။

တရုတ်နှင့် ထိုင်းနိုင်ငံမှအပ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး တတိယအမြင့်ဆုံးဖြစ်သော အိန္ဒိယ- မြန်မာ နိုင်ငံ ကုန်သွယ်ရေးဂိတ်အဖြစ် ချင်းပြည်နယ်ကို ဖြတ်၍ ကုန်သွယ်ရေးဂိတ်များကို ကလေး- တီးတိန်- ရိဒ်၊ ဟားခါး- ဖလမ်း- ရိဒ်နှင့် ဟားခါး- ထန်တလန်- ဆိုင်ဆိခြောက် ဂိတ်များဖွင့်လှစ်ပြီး ဖြစ်သည်။

ထို ့အပြင်ချင်းပြည်နယ်အတွင်း တီးတိန်- တွန်းဇံ- ကျီခါး၊ ထန်တလန်- ဗန်ဇန်- တလန်လို၊ ဂန် ့ဂေါ- ရေဇွာ- လိုင်လင်းသဲနှင့် ထန်တလန်- လုံလဲရ်- ဘုန်ခွာ နယ်စပ်ဂိတ်များလည်း ဆက်လက် ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။ ယခုဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ထန်တလန်- လုံလဲရ်- ဘုန်ခွါ ဂိတ်ကို ဆက်သွယ် မည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ၀န်ကြီးနှင့်အဖွဲ ့သည် (၂၇) ရက်နေ ့၌ ဖလမ်းမြို ့နယ် ရိဒ်ခွာဒါရ်မြို ့နယ်ခွဲသို ့သွားရောက်ကာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ ့ဆုံပြီး ကုန်သွယ်မှု မူဝါဒနှင့်အညီ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးနှင့် ကုန်သွယ်မှုသာမက ကုန်သွယ်မှု အခွင့်အလမ်းပါ ကုန်သွယ်ရေး တိုးတက်စေရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

၀န်ကြီးက ၀ဥ စိုက်ပျိုးရန်အတွက် နည်းပညာများ ရရှိအောင် ပညာရှင်များအား ခေါ်ယူတွေ ့ဆုံပေး မည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားသည်ဟု ကြေးမုံသတင်းစာတွင် ဖေါ်ပြထား သည်။