နိုင်ငံတော် သမ္မတ ရံပုံငွေမှ ချင်းပြည်နယ်နှင့် ကလေးဒေသအတွင်း တံတားခင်းမည်

နိုင်ငံတော် သမ္မတ ရံပုံငွေမှ ချင်းပြည်နယ်နှင့် ကလေးဒေသအတွင်း တံတားခင်းမည်
by -
ခိုနုမ်းထုန်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရံပုံငွေထဲမှ လှူဒါန်းသည့် ဘတ်ဂျက်ငွေဖြင့် ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်း ကလေးဒေသရှိ တံတား (၈) စင်း ဆောက်လုပ် ရန်  လုပ်ငန်းစတင် ဆောင် ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုးတွင်းကာလနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ချောင်းကူး တံတားများ ကို နိုင်ငံတော် သမ္မတ၏ ရံပုံငွေမှ  ဆောက်လုပ်မည်ဖြစ်ကြောင်း အတွဲ ၄၊ အမှတ်စဉ် ၁၇၇ ထုတ် The Hot news ဂျာနယ် တွင်ဖေါ်ပြ ထား သည်။

မည့်သည်အချိန်မှစ၍ ယင်းလုပ်ငန်းများ စတင်အကောင်အထည်ဖေါ်မည်ကို အတိအကျဖေါ်ပြခြင်း မရှိသော် လည်း ချင်းပြည်နယ်နှင့် ကလေးဒေသသည် ယခုနွေရာသီတွင် သွားလာရေး ခက်ခဲမည် မဟုတ်သည့်အတွက် တံတား ဆောက်လုပ်ပါက ခြောက်သွေ ့ရာသီတွင် အပြီးဆောက်လုပ် မည်ဖြစ်ကြောင်း ကလေးမြို ့၊ မြို ့နယ် အထောက်အ ကူပြုအဖွဲ ့မှ တာဝန်ရှိသူတဦး က ပြောပြကြောင်း ဆိုသည်။

အဆိုပါ တံတားများထဲတွင် ချင်းပြည်နယ်က တံတား (၁) စင်း၊ ကလေးမြို ့ပေါ်တွင် တံတား (၁) စင်းနှင့် က လေးနယ်တွင် တံတား (၆) စင်း စုစုပေါင်း (၈) စင်းပါ၀င်မည်ဖြစ်သည်။

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို ့နယ်၊ နတ်တံခါး ချောင်းကူးတံတားအတွက် ကျပ်ငွေ သိန်း ၆၂.၅၀ ကို၄င်း၊ ကလေးမြို ့ပေါ်နှင့် ကလေးနယ်အတွင်း ချောင်း ကူးတံတား (၇) စင်းအတွက် ကျပ်ငွေ သိန်း ၄၉၈.၆၂၀ လျာ ထား ကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် ကလေးမြို့နယ်သည် မိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်လေ့ရှိ ရာ ချောင်းရေ ကြီးခြင်း၊ တံတား ကျိုးခြင်းများဖြစ်ပေါ်တတ်ပြီး ခရီးသွားလာရေးခက်ခဲသည့်အပြင် လူသေမှု များဖြစ်ပွားလေ့ရှိသည်။