မီဇိုရမ်ရောက် မြန်မာယက္ကန်းသမားများ မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာ

မီဇိုရမ်ရောက် မြန်မာယက္ကန်းသမားများ မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာ
by -
ခိုနုမ်းထုန်

မီဇိုရမ်ပြည်နယ်ရောက်  မြန်မာယက္ကန်းသမားများအကြား မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာပြီး အထူး သဖြင့် အမျိုးသမီးများ မူးယစ်ဆေးဝါးသုံးစွဲသူ သိသိသာသာများပြားလာသည်ဟု Burmese Woman Union (BWU) အိုက်ဇောလ် တာဝန်ခံ Maneihi က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး မူးယစ်စေ တတ်သောချောင်းဆိုးပျောက်ဆေးရည်၊ ဆေးပြားသုံး စွဲမှုများပြားလာသောကြောင့် မလိုလားအပ်သောပြသာနာများ အကြိမ်ကြိမ်ကြံုတွေ့ဖြေရှင်းနေရသည်ဟု ဆိုပါသည်။

Maneihi က “အစကတော့ အမျိုးသားတွေကပဲ အသုံးပြုတယ်ထင်ခဲ့တာ၊ ခုတော့ အမျိုးသမီး တော်တော် များများကလည်း သုံးစွဲလာကြတယ်။ အဲဒီမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မလိုလား အပ်တဲ့ နောက်ဆက် တွဲပြဿနာ အများကြီးပေါ်ပေါက်လာတယ်၊ ကျမတို့အနေနဲ့လည်း အကြိမ်ကြိမ်လိုက်လံ ဖြေရှင်းပေး နေရတယ်”ဟု ပြောသည်။

ထို့အပြင် “အစကတော့ ကျန်းမာရေးကြောင့် မှီဝဲကြတယ်၊ ကြာလာတော့ ဆေးစွဲ ပြီး ငွေရေးကြေး ရေးမပြေလည်မှုတွေ၊ အပျိုလူပျိုကြားမှာ မလိုလားအပ်တဲ့ပြဿနာတွေ၊ လင်နှင့်မယားကြားမှာမလိုလား အပ်တဲ့ပြဿနာတွေ များပြားလာတယ်။” သူမက ဆက်ပြောသည်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် လူ ့အခွင့်အရေးများဆိုင်ရာအဖွဲ့ အိုက်ဇောလ်တာဝန်ခံက “မိခင်တဦးက ယင်းမူးယစ်ဆေးဝါးကို သုံးစွဲတယ်။ သူအလုပ်လုပ်လို့ ရတဲ့ ပို်က်ဆံဟာ မူးယစ်ဆေးဝါးဝယ်တဲ့နေရာမှာ အသုံးပြုတဲ့အတွက် စားဝတ်နေရေး ခက်ခဲလာတယ်၊ ဒီတော့ကျန်းမာရေးထိခိုက်လာတယ်၊ နို့ရည် လည်း ကောင်းကောင်း မထွက်တော့ဘူး သူ့ကလေးလည်း နို့မဝတော့ ကျန်းမာရေးချို့တဲ့လာတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြန်မာယက္ကန်သမားများအကြား မူးယစ်ဆေးဝါးတိုက်ဖျတ်ရေး၊ အိမ်တွင်း အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်မည့်အစီအစဉ်များရှိကြောင်း အိုက်ဇောလ် အခြေစိုက် မြန်မာ့လူမှုရေး အသင်း ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။