ကလေးမြို ့တွင် ကျပ်ငွေ ၁၂၁ သန်း တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းမိ

ကလေးမြို ့တွင် ကျပ်ငွေ ၁၂၁ သန်း တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းမိ
by -
ခိုနုမ်းထုန်

စစ်ကိုင်းတိုင်း၊ ကလေးမြို ့နယ် မောက်လင်းအုပ်စု၊ ပျဉ်းခုံကြီးကျေးရွာတွင် ကျပ်ငွေ ၁၂၁.၆ သန်း တန်ဖိုးရှိ ဆူဒိုအက်ဖီ ဒရင်း ခေါ် စိတ်ကိုပြောင်းလဲစေသော ဆေးပြား ဇန်နဝါရီလ ၈ ရက်နေ့က  ဒေသခံ အာဏာပိုင် များက ဖမ်းဆီးခဲ့ သည်။

ကလေးမြို ့မှ ၅ မိုင်ခန် ့ကွာဝေးသော ပျဉ်းခုံကြီးကျေးရွာတွင် နေထိုင်သော Ma Ram Neim Thing နေအိမ်ကို ကလေးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)မူးယစ်ဆေးဝါး တားဆီးနှိမ် နှင်းရေးရဲ တပ်ဖွဲ့စု(ကလေး)မှ တပ်ဖွဲ့ဝင်များပါ၀င်သောပူးပေါင်းအဖွဲ့က ၀င်ရောက် ရှာဖွေစစ်ဆေးရာမှ ဆာလာအိတ်(၇)အိတ်တွင် ထည့်ထားသော  ဆူဒိုအက်ဖီဒရင်းဆေးပြား (၁၂၁၆၆၀၀)ပြား၊ အလေးချိန်(၁၂၁.၆၆)ကီလိုကို ဖမ်းဆီရမိ ခဲ့ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

Ma Ram Neim Thing နှင့် အတူ တစ်ရွာတည်းနေ ခရစ်ရိုဆန်းဆိုသူတို့ကို ဖမ်းဆီးပြီးနောက် စစ်ဆေးချက် အရ ဆေးပြားပိုင်ရှင်ဖြစ်သူ ကလေးမြို့နယ်၊ လက်ပံချောင်း ကျေးရွာနေပူကျဲ(ခ) ဆလိုင်းမန်းသင်ထန်း (၄၄)နှစ် ၏ နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ပူကျဲအား မတွေ့ရှိရဘဲ ၎င်းဇနီးဖြစ်သူ မထန်ပါး(၃၄)နှစ်အား မူးယစ်ဆေးဝါး ရောင်းချ ရငွေကျပ်သိန်း (၄၀၀) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ကလေးမြို ့ ထောင်အကျဉ်းသား အများစုသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုကြောင့် ထောင်ကျခံ သူဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

ယခင်နှစ်များအတွင်း မူးယစ်ဆေးဝါးကြောင့် ထောင်ကျသူများ ကို သက်ဆိုင်ရာ အာဏာပိုင်များ က ထောင်ဒဏ် (၆) နှစ် ကျခံရန် အမိန် ့ချမှတ်ခဲ့သည်။

သို ့သော် ယခုအခါ မူးယစ်ဆေးဝါး အဓိက စိတ်ကိုပြောင်းလဲစေသော ဆေးပြား အမှုဖြစ်ထောင် ကျသူများမှာ ထောင်ဒဏ် အနည်းဆုံး (၁၂) နှစ်အထိ ချမှတ်နိုင်ဖွယ်ရှိကြောင်း ဒေသခံပြည်သူ တချို ့က ယူဆနေကြသည်။

ကလေးမြို ့နယ်အတွင်း အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် စိတ်ကိုပြောင်းလဲစေသော ဆေးပြားများ ကို ၂၀၁၀ ခုနှစ် ၀န်းကျင်မှ စတင်ပြီး မီဇိုရမ်ပြည်နယ်မှ တဆင့် ကလေးမြို ့ဘက်သို ့ တရားမဝင် သယ်ယူပို့ဆောင် နေကြ သည်ဟု သိရသည်။