မရာမျိုးနွယ်စု စာပေ သင်ရိုးညွှန်းတမ်း မကြာခင် ထုတ်ဝေမည်

မရာမျိုးနွယ်စု စာပေ သင်ရိုးညွှန်းတမ်း မကြာခင် ထုတ်ဝေမည်
by -
ခိုနုမ်းထုန်

မရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရန်ကုန် Mara Literature and Culture Committee, Yangon က ပြုစုသည့် မူလတန်းအဆင့် သူငယ်တန်းမှ စတုတ္တတန်းအထိ သင်ကြားမည့် Mara စာပေ သင်ရိုးညွန်းတမ်းကို ယခုလ နို၀င်ဘာတွင် အုပ်ရေ ၁၀၀၀ စီ ပုံနှိပ်ထုတ်ဝေတော့မည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ထန်တလန် သုံးမြို့နယ်ရှိ မရာဒေသ မူလတန်းကျောင်းများတွင် သင်ကြားမည့် မရာ မျိုးနွယ်စု စာပေသင်ကြားရေးကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် သင်ရိုးညွန်းတမ်းနှင့် အတူ ချင်းပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြခဲ့ကြပြီး မိတ္တူကို ဒေါက်တာ ဘမောင်၊ လူမှုရေး ၀န်ကြီး၊ ပူး ဗန်ကျင်၊ ပြည်နယ်လွှတ် တော်ကိုယ် စားလှယ်များထံပေးပို့ခဲ့ကြသည်။

မရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)တင်ပြချက်ကို ပြည်နယ်လူမှုရေးဝန်ကြီး ၏ ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ ထောက်ခံချက်နှင့်အတူ မရာစာပေသင်ရိုးညွှန်းတမ်းကို ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ ၂၀၁၃ ခုနှစ်ဧပြီလ ၂ ရက်နေ့တွင် ထပ်မံတင်ပြခဲ့ကြသည်။

ထို့အပြင် မရာဒေသ ကျေးရွာ ၅၅ ရွာတွင် သင်ကြားနိုင်မည့် မရာစာပေကို လာမည့် ပညာသင်နှစ်တွင် သင်ကြားနိုင်ရန် ပြည်နယ်လူမှုရေး ၀န်ကြီးထံ ယခုနှစ် ဇူလိုင်လ က တင်ပြခဲ့ကြရာမှာ လူမှုရေး ၀န်ကြီးက သက်ဆိုင်ရာ ကျောင်းဆရာများနှင့် တိုင်ပင်ညှိနှိုင်းရန် နှင့် ဆက်လုပ်လုပ်ဆောင်နိုင်ရေးကို ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် ပညာရေးမှူးထံ ညွှန်ကြား ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

ကျောင်းဆရာလစာ၊ သင်ရိုးထုတ်ဝေရေးကိစ္စနှင့် ပါတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားမှုမရှိသေးသဖြင့် ပြည်နယ်အစိုးရက ပ့ံပိုးမှု မပြုနိုင်သေးကြောင်း သို့သော် သင်ကြားရေးနှင့် ပါတ်သက်ပြီး အခက်အခဲ တစုံတရာရှိပါက တင်ပြကြရန် တတ်နိုင်သလောက် ကူညီသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်ဟု မရာစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့မှ ဒေါက်တာ LB. Siama က ပြောသည်။