တီးတိန်တွင် တန်ဖိုးနည်း ဖုန်းမချပေး သည့်အပေါ် ပြည်ထောင်စု ၀န်ကြီးထံ တင်ပြ

တီးတိန်တွင် တန်ဖိုးနည်း ဖုန်းမချပေး သည့်အပေါ် ပြည်ထောင်စု ၀န်ကြီးထံ တင်ပြ
by -
ခိုနုမ်းထုန်

နိုင်ငံတော်အစိုးရအစီစဉ်ဖြင့် ချပေးသော တန်ဖိုးနည်းဖုန်းများ ချင်းပြည်နယ်တွင်လည်း ချပေးရာ   ကွက်ကြား ဖြန့်ဝေခြင်းမဟုတ်ဘဲ အများပြည်သူများ အသုံးပြုနိုင်ရန် ညီတူညီမျှခွဲဝေချပေးရန် တီးတိန်မြို့ မိမြို့ဖ ကော်မတီက ဆယ်သွယ်ရေးစာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ထံ ယခုလ ၁၆ ရက်နေ့က စာရေးသားတောင်းဆိုလိုက်သည်။

ချင်းပြည်နယ်ရှိ ဟားခါး၊ ဖလမ်း နှင့် မင်းတပ် မြို့များတွင် တန်းဖိုးနည်းဖုန်း စုစုပေါင်း ဖုန်းကဒ် ၂ သောင်း ကျော် ချပေး ခဲ့ပြီးဖြစ်သော်လည်း တီးတိန်မြို့မှာမူ ဧရိယာတိုင်များ တပ်ဆင်ခြင်းမရှိသေးခြင်း ကြောင့်ဟု ဆိုကာ ယနေ့ချိန်ထိ ချပေးခြင်း မရှိသေးကြောင်း တီးတိန်မြို့မိမြို့ဖ များက ပြည်ထောင်စု ၀န်ကြီးထံ ပေးပို့သောစာတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဦးနနင်မုန်မှ တီးတိန်မြို့ပေါ်တွင် AERIAL တိုင်တပ်ဆင်ပြီးမှသာလျင် တန်ဖိုးနည်းဖုန်းများ ခွဲတမ်းချပေးမည်ဖြစ်ကြောင်းရှင်းပြခဲ့သည်။ သို့သော်  ယခုလက်ရှိ  AERIAL တိုင်တပ်ဆင်ခြင်းမရှိသေးသော်လည်း တီးတိန် မြို့တွင် GSM ၊ CDMA ဖုန်းများကို အဆင်ပြေစွာသုံးစွဲနိုင် ကြောင်း ကော်မတီအဖွဲ့ကပြောဆိုထားသည်။

တီးတိန်မြို့အရှေ့ဘက်  နှစ်မိုင်ခန့်တွင်ရှိသော ကနေဒီတောင်ထိပ်၌ တပ်ဆင်သော ဆက်သွယ်ရေး Tower တိုင် နှင့် တီးတိန် မြို့ Tower တိုင်ပေါ်၌ ဆက်သွယ်ရေးကိရိယာများကို တပ်ဆင်ထားသောကြောင့် တီးတိန်မြို့ပေါ် တွင် GSM နှင့် CDMA ဖုန်းများကို အဆင်ပြေစွာသုံးစွဲနိုင်ကြပြီး ယခုလက်ရှိတွင်လည်း တီးတိန်မြို့နယ်တွင် ပြည်သူ့ဝန်ထမ်း များအတွက် GSM ဖုန်းများကိုလည်းကောင်း၊ အမှတ် (၂၆၉) ခြေလျှင်တပ်ရင်းအတွက် CDMA ဖုန်း အလုံး (၅၀)ကို လည်းကောင်း၊ သုံးစွဲကြသည့်အပြင်အခြားမြို့ နယ်များမှ ၀ယ်ယူ သူအရပ်သားများမှလည်း သုံစွဲနေကြပြီးဖြစ်သည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်မှ တီးတိန်မြို့တွင် AERIAL တိုင်များ မတပ်ဆင်ခြင်းကြောင့် ဖုန်း အသုံးပြု၍မရ သေးသည့်အတွက် တန်ဖိုးနည်းဖုန်းမချပေးသည့်သဘောပြောဆိုခြင်းမှာ ယုံကြည်နိုင်စရာ မရှိကြောင်း မြို့မိမြို့ဖ ကော်မတီအဖွဲ့က ပြောဆိုသည်။

နိုင်ငံတော်အကြီးအကဲများ၏ စေတနာဖြင့် ဖြန့်ဝေသော တန်ဖိုးနည်းဖုန်းကို အများပြည်သူမျှော်လင့်တောင်း တသည့် အတိုင်း ပေးဝေသင့်သည်ဟု တီးတိန်မြို့မိမြို့ဖ ကော်မတီအဖွဲ့ကပြောသည်။