ပြည်နယ်အစိုးရက လူထုထံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆွေးနွေး

ပြည်နယ်အစိုးရက လူထုထံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆွေးနွေး
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း လူမှောင်ခိုကုန်ကူးမှု ကာကွယ်တိုက်ဖျက် ပညာပေး ရေး ရှင်းလင်း ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ဟားခါးမြို့တော် ခန်းမတွင်ပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ် ၀န်ကြီးချုပ် Pu Hung Ngai နှင့် ၀န်ကြီးများ၊ ပြည်နယ် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလူကြီး များ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စသဖြင့် အင်အား ၃၀၀ ကျော် ပါ၀င်တက် ရောက်ကြသည်။

 ၀န်ကြီးချုပ်က ဆွေးနွေးရာမှာ လူမှောင်ခိုကုန်ကူးမှုအန္တရာယ် ဟာ မြန်မာနိုင်ငံတင်မက နိုင်ငံတကာက ကြုံတွေ့နေရတဲ့ လူမှုပြသနာဖြစ်နေပါကြောင်း ကမ္ဘာ့လူသား သန်းပေါင်း ၂၆ ဟာ လူကုန်ကူးခြင်းခံနေရ ကြောင်း ထိုသို့ တရားမဝင် လူကုန်ကူးခံရသူတွေထဲက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ၊ အိမ်စေ၊ အသက်မပြည့်သူတွေကို အလုပ်ကြမ်းတွေမှာ အသုံးချကြကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်သူများ တရားမဝင်လူမှောင်ခိုကုန်ကူးမှုပပျောက်ရေးစီမံကိန်းကို အစိုးရက အစဉ်တစိုက် ဆောင်ရွက်နေ ကြောင်း အိမ်နီးချင်း တရုတ်၊ ထိုင်းအစိုးရနဲ့လည်း ပူးပေါင်းတိုက်ဖျက်ရန် သဘောတူထား ကြောင်း ထို့ကြောင့် ဒေသအ တွင်း လူမှောင်ခိုကုန်ကူးမှုကို အထူးတိုက်ဖျက်ဖို့လိုအပ်ကြောင်းပြောကြား ခဲ့သည်။

ချင်းပြည်နယ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥက္ကဌ U Myint Aung ကမူ မကြာခင်မှာ ယူအက်စ် အစိုးရနဲ့ လည်း လူကုန် ကူးမှုဆိုင်ရာ သဘောတူညီမှုရယူရမှာဖြစ်ကြောင်း နိုင်ငံအမျိုးသားအရေးဖြစ်သည်နှင့် အညီ တည်ဆဲဥပဒေဘောင် အောက်တွင် အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောသည်။

ချင်းပြည်နယ် လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို ပြည်နယ်အဆင့် ၁၂ ဦးကော်မီတီ၊ ခရိုင်နှင့် မြို့နယ်အဆင့် ၁၂ ကော်မီတီဖြင့် အသီးသီး ဖွဲ့စည်းခဲ့ကြပြီး လုပ်ငန်းစီမံကိန်းကို ၂၀၁၂ – ၂၀၁၆ အထိ သတ်မှတ်ထားကြောင်း သိရသည်။

 လူကုန်ကူးမှုအကျိုးဆက်အဖြစ် နိုင်ငံတကာတွင် နိုင်ငံနှင့် အမျိုးဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အတွင်းရေးမှူးဖြစ်သူ၊  ပြည်နယ်ဒုတိယ ရဲမှူးကြီး ဦး Tun Oo က ပြောသည်ဟု သိရသည်။

Most read this week