ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် ဒေါ်စု တက်ရောက်ရန် UNFC က အစိုးရနဲ့ညှိနှိုင်း

ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် ဒေါ်စု တက်ရောက်ရန် UNFC က အစိုးရနဲ့ညှိနှိုင်း
by -
ခိုနူမ်းထုန်

UNFC နဲ့ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (UPWC) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ် အောင်ဆန်းစုကြည် ပါ၀င်တက်ရောက်စေလိုကြောင်း UNFC က UPWC ထံ ယခုလ သြဂုတ် ၁၈ ရက်နေ့က အကြောင်း ကြားထားသည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ဒေါ်စု အပါအဝင် ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းနှင့် ထိုင်းအစိုးရကိုယ်စားလှယ်များ နှင့် UNA နှင့် NDF အဖွဲ့မှ ကိုယ် စားလှယ် နှစ်ဦးစီလည်း ပါ၀င်တက်ရောက်ရန် ဖြစ်ပြီး ယခု ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးမည့်ရက်ကို ယခုလကုန်သြဂုတ် ၃၀ -၃၁ ရက်နေ့တွင် လျာထားခဲ့သည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာပါက တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြု လက်နက်ကိုင်အဖွဲဲ့များ အားလုံးပါ ၀င်ပြီး နှစ်ဖက်လက်ခံနိုင်သည့် နေရာတွင် အဓိက ထား ဆွေးနွေးရန်နှင့် ပြည်တွင်း၊ ပြည်ပ ကြားဝင် ညှိနှိုင်းသူများ၊ လေ့ လာသူများ၊ သက်သေများ ပါ၀င်စေပြီး ဆွေးနွေးရန် ညီလာခံတွင် သဘောတူထားကြသည်ဟု သိရသည်။

ပြည်တွင်းငြိမ်းချမ်းရးတည်ဆောက်နိုင်ရန် အာဏာရ အစိုးရသည် UNFC တပ်ပေါင်းစု နှင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့် ကြောင်း နိုင်ငံရေးပြသနာ ကို နိုင်ငံရေးနည်းအရ ဖြေရှင်းခြင်းသည်သာ အကောင်းဆုံးနှင့် ရေရှည်တည် တ့ံခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု ခံယူထားသောကြောင့် အစိုးရကိုယ်စားလှယ်များနှင့် စတင်တွေ့ဆုံနည်းလမ်းကို ရှာညှိနှိုင်း နေခြင်းဖြစ်သည်ဟု သိရသည်။

UNFC ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများ ညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၃ ဇူလိုင် ၂၉ – ၃၁ ရက်နေ့က ကျင်းပခဲ့ကြရာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုတည်ဆောက်ရေး၊ အနာဂါတ် အေးချမ်းတည်ငြိမ် တိုးတက် သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ဖက် တိုက်ခိုက်နေမှုများကြောင့် သမ္မတ ဦးသိန်း စိန်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် ယုံကြည်ဖို့ မလုံမလဲ ဖြစ်နေကြသေးသည်ဟု လေ့လာသူ တချို့က ပြောဆို သုံးသပ်ကြသည်။

Most read this week