နို၀င်ဘာတွင် ချင်းအမျိုးသား ညီလာခံကျင်းပရန်ပြင်ဆင်

နို၀င်ဘာတွင် ချင်းအမျိုးသား ညီလာခံကျင်းပရန်ပြင်ဆင်
by -
ခိုနူမ်းထုန်

ယခုနှစ် နို၀င်ဘာလ ဒုတိယပတ်တွင် ချင်းအမျိုးသားညီလာခံကို မြို့တော်ဟားခါးတွင် ကျင်းပရန် နှင့် ညီလာခံဖြစ် မြောက် ရေးအတွက် ဖြစ်မြောက်ရေး ကော်မီတီကိုလည်း ၁၉ သြဂုတ်လ က ရန်ကုန်မြို့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။

ကော်မီတီတွင် ချင်းအမျိုးသားတပ်ဦးမှ ၅ ဦး၊ ချင်းကျောင်းသားလူငယ်များမှ ၁၂ ဦး၊ ၂၀၁၀ ချင်းနိုင်ငံရေးပါတီများမှ ၁၀ ဦးဖြင့် ပဏာမ ပါ၀င်စေလျက် ဆပ်ကော်မီတီကို Program Committee, Financial Committee, Media and Documentation Committee, Logistic Committee  စသဖြင့် ဖွဲ့စည်းကြသည်။

131

” ကော်မီတီကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းသွားမှာပါ၊ ဒီညီလာခံကနေ ရရှိတဲ့ သဘောထား ရလဒ်တွေကို အစိုးရနဲ့ နောက်ထပ် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည့်အချိန်မှာ ချပြဆွေးနွေးမယ်၊ ဒီတော့ ဒီညီလာခံက ချင်းအမျိုးသားရေး အတွက်မက ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်ပါ အရေးပါတယ်လို့ ပြောရမှာပါ” ဟု စီအဲန်အက်ဖ် ခေါင်းဆောင် တဦးက ပြောသည်။

ချင်းအမျိုးသားညီလာခံတွင် ချင်း အမျိုးသားနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပါအဝင် လက်ရှိ အစိုးရနှင့် ချင်းအမျိုး သား တပ်ဦးတို့ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆွေးနွေးဖွယ်ရှိသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦးသည် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ လက်ရှိ ချင်းပြည်နယ်တွင် လူထုတွေ့ ဆုံပွဲ များကို ပြုလုပ်ရာတွင် နို၀င်ဘာတွင် ကျင်းပမည့် ချင်းအမျိုးသားညီလာခံတွင်  လူထုဆန္ဒ ချပြနိုင်ရေးအတွက် သဘော ထားဆန္ဒများကိုလည်း တပါတည်း ရယူလျက်ရှိသည်။

သို့သော် ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားညီလာခံမတိုင်ခင် ချင်းအမျိုးသားများနေထိုင်ရာ ချင်းပြည် နယ်ပြင်ပ ဒေသများတွင် လူထုတွေ့ ဆုံပွဲများကို ပြုလုပ်ရန် စီစဉ်ထားသော်လည်း အစိုးရဖက်မှ အချိန်ရွှေ့ပေးရန် တုံ့ပြန်ထား ကြောင်း လေ့လာချက်များအရ သိရသည်။

ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး အစိုးရအဆက်ဆက် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ချင်းအမျိုးသား ညီလာ ခံကို ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဖလမ်းမြို့တွင် တကြိမ် ကျင်းပခဲ့ကြသည်။ ၁၉၈၈ နောက်ပိုင်း ပြည်ပ အ ခြေစိုက် စစ်အာဏာရှင် အတိုက်အခံအင်အားစုကြီးဖြစ်သည့် ချင်းအမျိုးသားကောင်စီက ကြီးမှူးပြီး ချင်းအမျိုး သားညီ လာ ခံကို အိန္ဒိယ – မြန်မာနယ်စပ်တွင် နှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။