ချင်းပြည်နယ်ဆင်းရဲမွဲတေမှု လျှော့ချရေး ကျပ် သန်းပေါင်း ၈ သောင်းကျော် အသုံးပြု

ချင်းပြည်နယ်ဆင်းရဲမွဲတေမှု လျှော့ချရေး ကျပ် သန်းပေါင်း ၈ သောင်းကျော် အသုံးပြု
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရက ကျပ်သန်းပေါင်း ၈၄၆၇၈ အသုံးပြု ပြီးကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ယခု ကျင်းပနေသည့် ပထမ အကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့့တွင် ပြောကြား လိုက်သည်။

ချင်းပြည်နယ်ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခွန်းလိန်း၏ ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် စာရင်းဇယား ၊ ကုန်ကျစရိတ်များ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းကို ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော‌ရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ တို့ကထောက်ပံ့ပေးခဲ့သည့် ငွေကြေးနှစ်ရပ်စုစုပေါင်း ငွေကျပ် ၈၄၆၇၈ ဘီလီယံ ဖြစ်သည်ဟု ပြောသည်။

အသေးစိပ်မှာ – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ လက်ရှိကာလအထိ ကျန်းမာရေးကဏ္ဍအတွက် ငွေကျပ် ၁၅၃၂.၆၁ သိန်း၊ ပညာရေးကဏ္ဍ အတွက် ငွေကျပ် ၁၃၁၅ သိန်း၊ ရေအားလျှပ်စစ်မီးရရှိရေးအတွက် ၁၃၁၅ သိန်း၊ သောက်သုံးရေရရှိရေးအတွက် ၄၇၉ သိန်း၊ စိုက်ပျိုးရေရရှိရေးအတွက် ၂၆၆ သိန်း၊ လမ်းတံတားနှင့် အဆောက်အဦများ ပြုပြင်ဆောက်လုပ်ခြင်း အတွက် ငွေကျပ် ၉၄၄.၂ သိန်း၊ ပြန်ကြားရေး စာကြည့်တိုက်နှင့် တယ်လီဗွီရှင်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ၈၂.၃၆ သိန်း၊ ဘာသာရေးနှင့် သာသနာရေး အတွက် ငွေကျပ် ၂၀၃.၅၇ သိန်း၊ အားကစားကဏ္ဍအတွက် ငွေကျပ်သိန်း ၁၂၀၊ မီးသတ်ကားနှင့် သမဝါယမရုံးပြုပြင်ခြင်း အတွက် ငွေကျပ် ၃၅ သိန်း၊ ကျေးရွာချင်းဆက်လမ်း ၃၉၇ မိုင် ၅ ဖာလုံ ဖောက်လုပ်ရန်အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၅၄၆၇၈.၉၄ သိန်း၊ ပိုးစာပင် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန် ဒေါ်လာ ၆၉၄၆၀ တန်ဖိုးနှင့်ညီမျှသော အပင်နှင့် ပံ့ပိုးကိရိယာများ ကို ပ့ံပိုးခဲ့သည်။

ချင်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ပြည်နယ်လူထု၏တင်ပြချက်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ် များ၏ အကြံပြုချက်များအရ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်း ပါးမှုလျှော့ချရန်် ကျပ်သိန်း ပေါင်း ၁၀၀၀၀ နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်းပေါင်း ၂၀၀၀၀ ၊     စိုက်ပျိုး ရေးအတွက် ငွေကျပ် ၁၇၄၆.၂၀ သိန်း၊ ပညာရေးအတွက် သိန်း ၂၀၀၀၊ ကျန်းမာရေးအတွက် သိန်း ၁၀၀၀၊ လမ်းပန်း ဆက်သွယ်ရေးအတွက် ငွေကျပ်သိန်း ၁၂၀၀၊  ကျေးလက်စွမ်းအင် အတွက် ငွေကျပ်သိန်း ၁၃၀၀၊ လူနေမှုဖွ့ံဖြိုး တိုးတက်ရေးအတွက် ငွေကျပ် ၂၇၅၃.၈၀ သိန်း၊ စုစုပေါင်းကျပ်ငွေ သိန်းပေါင်း ၁၀၀၀၀၊ လူမှုစီးပွား ဖွ့ံဖြိုးတိုးတက် ရန်အတွက် စိုက်ပျိုးရေးအတွက် ငွေကျပ်သိန်း ၂၅၅၀၊ ပညာရေးအတွက် ငွေကျပ်သိန်း ၄၉၄၀၊ ကျန်းမာရေး အတွက် ငွေကျပ်သိန်း ၄၀၀၀၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ငွေကျပ် ၂၉၅၂ သိန်း၊ ကျေးလက်စွမ်းအင်အတွက် ငွေကျပ် သိန်း ၁၇၅၀၊ လူမှုစီးပွား(ယဉ်ကျေးမှု၊ အားကစား၊ မီးသတ်၊ သောက်သုံးရေရရှိရေး) အတွက် ငွေကျပ် ၃၈၀၈ သိန်း၊ စုစုပေါင်းကျပ်သိန်း ၂၀၀၀၀ ကို အသုံးပြုခဲ့သည်ဟု ရှင်းလင်းသည်။

ထောက်ပံ့ပေးအပ်မှုများနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်သည်  ပြည်နယ်လွှတ်တော်အ စည်းအဝေး များ ၌လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် သုံးစွဲငွေစာရင်းများကို ဖြန့်ဝေပေးခြင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြည်သူများနှင့် တွေ့ဆုံပွဲများ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်း ပါးမှုလျော့ ချရေးရန်ပုံငွေများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို သက်ဆိုင်ရာကျေးရွာမှ လုပ်ငန်း ကော်မတီနှင့် ကျေးရွာ သားများကို ရှင်းလင်း အသိပေးခြင်းတို့ကို ဆောင်ရွက်နေသည်ဟု ဆက်လက်ရှင်းလင်းခဲ့သည်။

ဆက်လက်ပြီး ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း ၁၀၀၀၀ နှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူလူထုထံသို့ို အသိ ပေးပြီးဖြစ်သည်ဟု ပြောသည်။