ပညာရေး ၀န်ထမ်း ခန့် စာရင်း တရား ၀င်ကြော်ငြာ

ပညာရေး ၀န်ထမ်း ခန့် စာရင်း တရား ၀င်ကြော်ငြာ
by -
ခိုနူမ်းထုန်

ယခုနှစ် ဧပြီလက ပညာရေးဝန်ထမ်းအတွက် ပညာရေး ၀န်ကြီးဌာနမှ လျှောက်လွှာ ခေါ်ယူပြီး ချင်းပြည်နယ်မှ လူပေါင်း ၅၀၀၀ ခန့် ဖြေဆိုသည့် ပညာရေးဝန်ထမ်း ခန့်စာရင်းကို ဇူလိုင်လ ၂၉ ရက်နေ့က တရားဝင်ကြေညာလိုက်သည်။

ဧပြီလ ၉ ရက်နေ့က ဟားခါးမြို့တွင်  ပြုလုပ်သည့် ပညာရေးဝန်ထမ်း အရည်အချင်းစစ် စာမေးပွဲ တွင် ဟားခါးမြို့နယ်မှ လူဦးရေ ၆၈၂ ဦး ဖြေဆိုထားကြသည့် အနက် ၁၀၂ ဦး ကို ခန့်ထားကြောင်း သိရသည်။

” ဘွဲ့ရတွေ အားလုံးလိုလို ခန့်ထားပါတယ်၊ အလုပ်ကိုတော့ ယခုလ ၁၅ ရက်ကနေ အဝင်ပြရမှာဖြစ်တယ်” ဟု ဟား ခါးမြို့ပေါ်မှ အစိုးရဝန်ထမ်း တဦးက ပြောသည်။

 ဟားခါးမြို့နယ်မှာ မူလတန်းပြဆရာအတွက် ဘွဲ့ရ ကျား ၄၅၊ မ ၁၄၅ ဦး၊  မူလတန်းပြဆရာဆင့် ဆယ် တန်းအောင် ကျား ၃၁၊ မ ၉၈ ဦး ၊ ဓါတ်ခွဲခန်းအတွက် ဘွဲ့ရ ကျား ၄၊ မ ၉ ဦး၊ အထွေထွေလုပ်သားအတွက် ကျား ၁၆ ဦး စာရေးအဆင့် (၁) အတွက် ကျား ၃၁၊ မ ၁၂၀ ဦး အောက်တန်းစာရေးအတွက် ကျား ၅၉၊ မ ၁၂၄ဦး စုစုပေါင်း ၆၈၂ ဦး ဖြေဆိုကြသည်။

အလုပ်ခန့်ထားစာရင်းမှာ  မူလတန်းပြ  ၅၇ ဦး၊ ဓါတ်ခွဲခန်း  ၄ ဦး၊ အထွေထွေလုပ်သား ၁၃ ဦး၊ စာရေး ၁၀ ဦး၊ ရုံးအကူ ၄ ဦး၊ လုပ်သား သိပံ အကူ ၁ ဦး၊ သန့်ရှင်းရေး ၀န်ထမ်း ၆ ဦး၊ ယာဉ်မောင်း ၃ ဦး၊ ညစောင့် ၄ ဦး စုစုပေါင်း ၁၀၂ ဖြစ်သည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရသည် ချင်းပြည်နယ်အပါအဝင် တပြည်လုံးအတိုင်းအတာဖြင့် ပညာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ၀န်ထမ်းလစာ တိုးမြှင့်ပေးသည့် နောက်ပိုင်း ပညာတတ်လူငယ်များသည် အစိုးရဝန်ထမ်း အလုပ် ရရှိရေးကို ပိုမို စိတ်ဝင်စားလာကြသည်ဟု လည်း ပြောကြသည်။