လာမည့်နှစ် ၁၀ တန်းအောင်ချက် တိုးအောင် လုပ်မည်ဟု မတူပီကျောင်းအုပ်ကြီးပြော

လာမည့်နှစ် ၁၀ တန်းအောင်ချက် တိုးအောင် လုပ်မည်ဟု မတူပီကျောင်းအုပ်ကြီးပြော
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မတူပီမြို့အမှတ် (၂) အစိုးရ အထက်တန်းကျောင်းအုပ်ဆရာကြီး ပူး ဇိုရမ်းထန်းက လာမည့် ၂၀၁၃- ၂၀၁၄ ခုနှစ် ၁၀ တန်းအောင်ချက် ၃၀% အထိရှိအောင် ကြိုးပမ်းရမည်ဟု ပြောသည်။ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် မိဘဆရာသင်းလုံးကျွတ်အစည်းအဝေးတွင် ကျောင်းအုပ်ကြီးက ၂၀၁၁ – ၂၀၁၂ ပညာ သင်နှစ်မှာ အထက ( ၂) ၁၀ တန်းအောင်ချက် ၁၂%သာရှိပြီး ၂၀၁၂- ၂၀၁၃ စာသင်နှစ်မှာ ၅% ထိုးကျသွားကြောင်း ထို့ ကြောင့် ၂၀၁၃ -၂၀၁၄ စာသင်နှစ်မှာ ၃၀% ထိ တက်သွားအောင် အားလုံးပူးပေါင်း လုပ်ဆောင်သင့်ကြောင်း မှာကြား သွားတာဖြစ်သည်။

ထို့အပြင် အစည်းအဝေးတွင် မိဘ နှင့် ကျောင်းဆရာဆရာမများအကြား နားလည်မှုလွဲနေသည်များ၊ ကျောင်းသားမိ ဘ တွေရဲ့ တာဝန်၊ ကျောင်းဆရာ ဆရာမတွေရဲ့ အားနည်းချက်၊ လိုအပ်ချက်များကို  အပြန်အလှန် ဖွင့်ဟ ရှင်းလင်းကြ ကြောင်း မိဘပြည်သူတဦးက ပြောသည်။

 “ ကျောင်းသားတွေကို စာသင်ရာမှာ ကျောင်းဆရာတွေကိုယ်တိုင် မသင်ပဲ အထူးထုတ် ကူး ခိုင်းတာတို့က အစ ဆွေး နွေးရပါတယ်” ဟု ပြောသည်။

 ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ အချိန်၊ ကျောင်းစည်းကမ်း၊ ကျောင်းဆရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာရမှာ ဖြစ်ပြီး စာသင်ရာမှာ စာကူးခိုင်းတာထက် နားလည်သဘောပေါက်အောင် ရှင်းလင်းသင်ပြမှုက ပိုး အရေးကြီးကြောင်း၊ ကျောင်းသားမိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ကျောင်းစာစိတ်ဝင်စားရေး၊ စာကြိုးစားရေးကို အလေးထား သင့် ကြောင်း မှာကြားခဲ့သည်။

“ ကျောင်းသားတဦး စာတော်ဖို့၊ စာမေးပွဲအောင်ဖို့ ဆိုတာက တဦးတယောက်ထဲနဲ့ လုပ်လို့ ရတဲ့ဟာ မဟုတ်ဘူး၊ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ မိဘပြည်သူတွေမှာ တာဝန်ရှိပါတယ်၊ ကျောင်းဆရာတွေအနေနဲ့ ကိုယ်ကိုင်တဲ့ ဘာသာ ရပ်ကို နိုင်ဖို့လိုသလို ကျောင်းအုပ်ကြီးကလည်း ကျောင်းဆရာတွေရဲ့ လိုအပ်ချက်၊ အားနည်းချက်ကို ခွဲခြား ဆက်ဆံမှုမရှိပဲ ဖြည့်ဆည်းပေးဖို့လိုပါတယ်” ဟု ကျောင်းဆရာမ တဦးက ပြောသည်။

ယခုနှစ် ချင်းပြည်နယ် မြို့နယ်အလိုက် အည့ံဆုံးအဖြစ် ပလက်ဝစာစစ်ဌာန( ၄.၁၀ ရာနှုန်း)၊ ဒုတိယ ထန်တလန်စာစစ်ဌာန ( ၉.၀၅ ရာနှုန်း)၊ တတိယ မတူပီစာစစ်ဌာန (၁၃. ၅၄ ရာနှုန်း) တို့ဖြစ်သည်။