မိုးသည်း မှိုင်းထမှုကြောင့် ကားမှောက် ၊ ဒရိုင်ဗာ နှင့် စပယ်ယာ နှစ်ဦးလုံးသေ

မိုးသည်း မှိုင်းထမှုကြောင့် ကားမှောက် ၊ ဒရိုင်ဗာ နှင့် စပယ်ယာ နှစ်ဦးလုံးသေ
by -
ခိုနုမ်းထုန်

ဇွန်လ ၂၅ ရက်နေ့ ည ၁၀း ၀၀ နာရီခန့်က အမှတ် (၁) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ထရပ်ကား တစီးတိမ်းမှောက်ခဲ့သဖြင့် ကားဒရိုင်ဗာနှင့် စပယ် ယာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရ သည်။

သေဆုံးသူ ကားဒရိုင်ဗာ Dongh Khen Khai ( 21) နှင့် ကားစပယ်ယာ တို့သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ည ရးဝဝ နာရီခန့်တွင် ချင်းပြည် နယ် ဟားခါးသို့ ထွက်လာကြပြီး ဟားခါး – ဖလမ်း – ကလေးမြို့ လမ်းဆုံ သိုင်းငင်း ရွာ မဝင်ခင်မှာ ပေ ၅၀ အကွာ ကားလမ်းအကွေ့မှာ ကားလမ်းအောက်သို့ လိမ့်ဆင်းသွားခြင်းဖြစ် သည်ဟု ပြောကြသည်။

“ ည ၁၀ နာရီ ခန့်မှာ တိမ်းမှောက်တာဖြစ်လိမ့်မယ်၊ ညမိုးချုပ်ချိန် မှိုင်းကလည်း တအားထူပိန်းနေ တယ်၊ ကား ရှေ့မီး မတိုးနိုင်လို့ ကားလမ်းအောက်ကို မောင်းသွားတာဖြစ်နိုင်တယ် ” လို့ မျက်မြင် တဦးက ခန့်မှန်းပြောဆိုသည်။

ကားဒရိုင်ဗာသည် တီးတိန်မြို့နယ်မှ Loh Khanh Thang ၏ သားဖြစ်ပြီး ဟားခါးမြို့ တွင်ကြီးပြင်း ခဲ့သူဖြစ်သည်။ ကားစ ပယ်ယာမှ ဖလမ်းမြို့နယ်သားဖြစ်ကြောင်း သိရသည်။

ကားဒရိုင်ဗာ၏ အလောင်းကို ဇွန်လ ၂၆ ရက်နေ့ ညနေ ၅းဝဝနာရီတွင် ဟားခါးမြို့သို့ အရောက် သယ်ဆောင်လာကြပြီး ကားစပယ်ယာအလောင်းကိုမူ ဖလမ်းမြို့တွင် ချထားခဲ့ကြကြောင်း ပြော ကြသည်။

ခုတလော ချင်းပြည်နယ် တဝှမ်းလုံး မိုးသည်းထန်ပြီး ဒေသတခွင်လုံး မှိုင်းထမှု ပြင်းထန်နေသည် ဟု ဒေသခံတွေက ပြော ကြသည်။

Most read this week