ချင်းအဆိုတော် ဟောင်း Mai Far Meng ကွယ်လွန်

ချင်းအဆိုတော် ဟောင်း Mai Far Meng ကွယ်လွန်
by -
ခိုနူမ်းထုန်

၁၉၈၅ – ၈၆ ၀န်းကျင်က ရေပန်းစားခဲ့သော ချင်းအဆိုရှင် Mai FarMeng (၄၂ နှစ်)သည် ယခုလ ၂၃ ရက်နေ့ ညနေ ၂း ၄၅ မိနစ်တွင် ရန်ကုန်မြို့ Victoria ဆေးခန်း၌ ကွယ်လွန်သွားခဲ့သည်ဟု ကြားသိရသည်။

Mai FarMeng သည် ချင်းပြည်နယ်မြို့တော်ဟားခါးနေ Pu Thang Heng နှင့် Pi Tum Ci တို့၏ စတုတ္တမြောက် သမီး ဖြစ်ပြီး BA ( IR) ဘွဲ့ရရှိထားသည်။ တချိန်က ဟားခါးမြို့ရှိ Deirel တီးဝိုင်း၏ ပင်တိုင်အဆိုရှင်ဖြစ်ခဲ့ပြီး အနောက်တိုင်း အင်္ဂလိပ်သီချင်းကို အားသန်ခဲ့သည်။

“ နှလုံးရောင်ရောဂါနဲ့ ဆုံးသွားတာပါ၊ ဆေးရုံမှာ တလကြာ ကုရတယ်၊ အခု သူ့ရဲ့ခင်ပွန်းကို စောင့်နေတာပါ၊ အ လောင်း ကိုတော့ ဟားခါးကို သယ်သွား ဘွယ်ရှိတယ် ”ဟု ဆွေမျိုးဖြစ်သူ Salai That Cin Thang က ပြောသည်။

ဆက်လက်ပြီး သူမဟာ ကိုယ့်အားကိုယ်ကိုးပြီး ပညာသင်ယူခဲ့တယ်၊ တကယ်စွန့်စားတဲ့ ပုဂ္ဂိုလ်ပါ၊ ဟု ဆက်ဆိုသည်။

Mai FarMeng သည် ဖင်လန်နိုင်ငံသား တဦး နဲ့ အိမ်ထောင်ကျပြီး လက်ရှိတွင် တိုက်အမှတ် ၅၀၄၊ ပညဝတီအိမ်ယာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တွင် နေထိုင်စဉ် သေဆုံးခြင်းဖြစ်သည်။ သေဆုံးချိန်အထိ သားသမီးမထွန်းကားခဲ့ပေ။

ငွေကြေးအခက်အခဲကြောင့် သူ့အနုပညာကို ပရိသတ်ဆီ ကျယ်ကျယ်ပြန့်ပြန့် ဖော်ကျုးခွင့် မရပေမဲ့ တခေတ်တယောက် ပုဂ္ဂိုလ် တဦးပါ ဟု သူ့ရဲ့ အနုပညာအသိုင်းအဝိုင်းတွေက ပြောကြသည်။

သူသည် တေးရေးဆရာ Salai Tial Awi ရေးစပ်သီကုံးသည့် အမျိုးသားသီးချင်းများဖြစ်သည့် Miphun le Ram ca, Kantuan ciolai, Acelh kacelh lo သီချင်းများဖြင့် နာမည်ကြီးခဲ့သူဖြစ်သည်။

Most read this week