စီအဲန်အေ အခြေစိုက်စခန်းသို့ အစိုးရစစ်တပ် သွားရောက်လေ့လာ

စီအဲန်အေ အခြေစိုက်စခန်းသို့ အစိုးရစစ်တပ် သွားရောက်လေ့လာ
by -
ခိုနုမ်းထုန်

ယခုလ တတိယပတ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကိုင်းတိုင်း ကလေးမြို့ အခြေစိုက် (ဒေ သကွပ်ကဲရေး စစ်ဌာနချုပ်) မှ အစိုးရစစ်သားများသည် ချင်းအမျိုးသားတပ်မတော် အခြေစိုက်ရာ တပ်စခန်းများသို့ သွားရောက်လေ့ လာ သည်ဟု သိရသည်။

စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင် ဦးဆောင်သည့် အင်အား ၆၀ ရှိအစိုးရတပ်ဖွဲ့သည် ယခုလ ၁၆ ရက်နေ့က ချင်းအမျိုးသားတပ်မတော် ဌာနချုပ် ၀ိတိုရိယစခန်း ဧရိယာ ရှိ ဗန်ဇန်ရွာသို့ေ ရာက်ရှိ ခဲ့ကြသည်။ တဆက်တည်း တလန်ပီး ရွာသို့ သွားရောက်ပြီး ချင်းအမျိုးသားတပ်မတော် အရာရှိ တချို့နှင့် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော်သည် ၀ိတိုရိယ စစ်ဌာနချုပ် နှင့် ထန်တလန်မြို့အကြား တလန်ပီးနှင့် ဗန်ဇန်ရွာတို့တွင် လုံခြံု ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြသည်။ အစိုးရ စစ်တပ်အရာရှိတချို့သည် ၀ိတိုရိယ တပ်စခန်းသို့ အရပ်ဝတ်ဖြင့် ဆက်လက် လေ့လာကြသည်ဟုလည်း သိရသည်။

“ အစိုးရနဲ့ ကျတော်တို့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ   စီအဲန်အေ တပ်စခန်း ချမချဆိုတာ လေ့ လာတဲ့ သဘောဖြစ်မယ် ” ဟု ဌာနချုပ် စစ်ဗျူဟာမှ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူကြီး ဆန်လျန်းထန်က   ပြောသည်။

ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုးသားတပ်မတော်သားများသည် ၄င်းတို့ နေထိုင်ခွင့် ရရှိထားသည့် လက်ရှိ ထန်တလန်မြို့နယ်အပြင် အခြား နေရာများတွင် စခန်းချရန် ပြင်ဆင်ထားသော်လည်း သက်ဆိုင်ရာ အစိုးရစစ်တပ်က အထက်အမိန့်မရသောကြောင့် ခွင့်မပြုကြောင်း သိရသည်။

အဆိုပါ အစိုးရ ဒကစ တပ်ဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါး၊ ထန်တလန်မြို့သို့ မဖြတ်သန်းပဲ ကလေးမြို့မှ တိုက်ရိုက် ၀င် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြသည်။

Most read this week