ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းဂီတဆု ပေးပွဲ ကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းဂီတဆု ပေးပွဲ ကျင်းပ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၊ ဖလမ်းမြို့ Town Hall ၌ ပြီးခဲ့တဲ့ ဇွန်လ ၁၀-၁၁ ရက်က မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာ နှင့် ဒေသခံလူငယ်များ၏ဦးဆောင်မှုဖြင့် ချင်းဂီတဆု ပေးပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။

၎င်းအစီအစဉ်မှာ မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာတေးသီချင်းဂီတအစီအစဉ် နှင့် ၂၀၁၃ စက်တင်ဘာတွင် တင်ထုတ်လွှင့်မည့် MRTV ချင်းဘာ သာအစီအစဉ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပ  ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ဆလိုင်းအေးချမ်း မောင်က ပြောပြ သည်။

မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာအစီအစဉ်မှ ထုတ်လွှင့်သောသီချင်းများမှ ချင်းဂီတဆုအတွက် ပြည်တွင်းပြည်ပနေ ချင်းတိုင်းရင်းသားများက မဲပေးကာ အကောင်းဆုံး အမျိုးသားတေးသီချင်း၊ အကောင်းဆုံး အမျိုးသမီး တေးသီချင်း၊ အ ကောင်းဆုံး MTV၊ အကောင်းဆုံးတေးရေးဆရာ၊ အကောင်းဆုံး တေးစီးရီး၊ အရောင်းရဆုံး VCD အပြင် မြန်မာ့အသံချင်းတိုင်းရင်းသား ဘာသာအစီအစဉ်၌ သီချင်းအများဆုံး တောင်းဆိုသည့် သောတရှင်ဆု များ ချီးမြှင့်ကြောင်း သိရသည်။

၎င်းဆုပေးပွဲ၌ ဆုရရှိသူများမှာ- အကောင်းဆုံး အမျိုးသားတေးသီချင်း- Salai Tuan Ling Thang၊ အကောင်းဆုံး အမျိုးသမီး တေးသီချင်း- Mai Far Men Par ၊ အကောင်းဆုံး MTVဆု – Ka Pai’ Lungthin ၊ အကောင်းဆုံး တေးရေး ဆရာ- Salai Aye Chan Maung (Mother’s Day သီချင်း) အကောင်းဆုံး တေး စီးရီး- Salai M ရဲ့ Fahniang Zuun စီးရီး ၊ အရောင်းရဆုံး VCD- FPTP Kalay ရဲ့ Chin Concert VCD၊ မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာအစီအစဉ်၌ သီချင်း အများဆုံး တောင်းဆိုသည့် သောတရှင်ဆု – ကောလင်းမြို့ မှ Ni Thluai Par တို့ဖြစ်ကြ သည်။

ဆုပေးပွဲတွင် ချင်းမျိုးဆက်သစ် ဂီတအနု ပညာရှင်များဖြစ်ကြသည့် Salai Ting Lian Mang, Salai San Uk Hnin, Salai Obet, Mai Mercy, Mai Mang Ttha Sin Mawi, Mai Esther Van, Mai Ngun Di, Salai Billy, Mai Esther Mawi ,  Klirlungz Band မှ Salai Jesse , Salai Lalte တို့က  ခေတ်ပေါ်တေးသီချင်းများဖြင့် ၂ ညတာဖျော်ဖြေခဲ့ကြပြီး ယင်း သီချင်းများကို VCD ဖြင့် ပြန်လည် ထုတ်ဝေဖြန့်ချိမည်ဟုသိရသည်။

ချင်းဂီတဆု ပေးပွဲ ကို ၂ နှစ်တစ်ကြိမ် ဆက်လက်ကျင်းပမည်ဟု သိရသည်။