ယာဉ်တိုက်မှုကြောင့် ပခုက္ကူ တက္ကသိုလ် ချင်းကျောင်းသား တစ်ဦး သေဆုံး

ယာဉ်တိုက်မှုကြောင့် ပခုက္ကူ တက္ကသိုလ် ချင်းကျောင်းသား တစ်ဦး သေဆုံး
by -
ခိုနူမ်းထုန်

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ပခုက္ကူမြိုိ့မှ ပေါက်မြို့သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနှင့် ချင်းပြည်နယ် မင်း တပ်မြို့မှ ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ တိုက်မိရာမှ ဆိုင်ကယ် မောင်းနှင်လာသည့် ဆလိုင်း ယောဘူ(အသက် ၂၆နှစ်) ပွဲချင်း သေဆုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပုံမှာ ပခုက္ကူမှ ပေါက်မြို့သို့ သွားသည့် ခရီးသည်တင် မှန်လုံကားသည် ချင်းပြည်နယ် မင်းတပ်မြို့မှ  ပခုက္ကူမြို့သို့ မောင်းနှင်လာသည် မော်တော်ဆိုင်ကယ်တစ်စီး တို့ ပခုက္ကူမြို့မှ မိုင် ၂၀ အကွာ ကမ္မရွာနှင့် ဂျိုးပျံရွာအကြား ထိုနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်မိခြင်းဖြစ်သည်။

“ဆလိုင်း ယောဘူက ပခုက္ကူတက္ကသုလ်မှာ ကျောင်းတက်နေသူပါ။ အဲဒီနေ့ ကျောင်းတက်ဖို့ ဆိုင်ကယ်နဲ့ တစ်ယောက် တည်း လာတာ၊ သတင်း ကြားကြားချင် ကျတော်တို့ အခင်းဖြစ်တဲ့နေရာကို သွားကြတော့ ခေါင်းကွဲ၊ လက်နှစ်ချောင်းလုံးကျိုး  ပွဲချင်းပြီး သေနေတယ် ” ဟု အခင်းဖြစ်သည့်နေရာသို့ ကိုယ်တိုင် သွားရောက်ခဲ့သော တက္ကသိုလ် ခရစ်ယာန် မိတ်သဟာယ(ပခုက္ကူ) အတွင်းရေးမှူး ဆလိုင်း ဘွေကျိုးထန်က ခိုနုမ်းထုန်ကို ပြောပြသည်။

သေဆုံးသူအလောင်းကို  ဇာတိမင်းတပ်မြို့သို့ ပြန်လည် သယ်ဆောင်သွားကြပြီး ၁၂ ဇွန် ရက်နေ့တွင်   သဂြိင်္ုလ်လိုက်ကြောင်း ၊ အမှုအခင်းကိုတော့ ဘာမှ စစ်ဆေးမှု မရှိသေးကြောင်း ဆက်ဆိုသည်။

အခင်းဖြစ်ရာနေရာသို့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီ (ပခုက္ကူ)နှင့် United Christian Fellowship (ပခုက္ကူ) တို့မှ ကျောင်းသားခေါင်းဆောင်များ  အသုဘချရာ မင်းတပ်မြို့ အထိ လိုက်ပါပို့ဆောင်ကြကြောင်း သိရသည်။

ဆလိုင်း ယောဘူသည် မင်းတပ်မြို့ ဇာတိဖြစ်ပြီး ပခုက္ကူတက္ကသိုလ်တွင် နောက်ဆုံးနှစ် သချင်္ာ မေဂျာဖြင့် ပညာ သင်ကြား နေသူဖြစ်သည်။