Zosuan Tuailai Khawmpi ဟုခေါ်သော ပထမဆုံးအကြိမ် ဇိုမီး(ချင်း) လူငယ်များ ညီလာခံကို ချင်းပြည်နယ် တီးတိန်မြို့ ရာပြည့် ခန်းမတွင် ယခုလ ၅ ရက်နေ့မှ စတင် ကျင်းပကြသည်။
ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ယင်းညီလာခံကို စင်္ကာပူရောက် ဇိုမီး(ချင်း)လူမျိူးများ နှင့် တီးတိန်မြို့ဇိုမီးလူငယ်များအဖွဲ့က အဓိက ဦးဆောင်ကျင်းပ ခဲ့ကြခြင်းဖြစ်သည်။
ညီလာခံတွင် ချင်းပြည်နယ်အတွင်းရှိ ဇိုမီး (ချင်း) လူငယ် များအပြင် ချင်းပြည်နယ်ပြင်ပ နှင့် နိုင်ငံခြားရောက် ရှိနေကြ သော ဇိုမီး(ချင်း) လူငယ် စုစုပေါင်း အယောက် ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ ဇိုမီး(ချင်း) လူငယ်များအကြား အပြန် အလှန် ဆက် သွယ်ရေး ပိုမိုအားကောင်းလာစေရေး အတွက် ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်သည် ဟု ညီလာခံ ဖြစ်မြောက် ရေးအဖွဲ့ဝင် ကိုထန်ကင်းခိုင်က ခိုနူမ်းထုန်ကိုပြောသည်။
“ ကျနော်တို့အချင်းချင်းကြားမှာ ကောင်းမွန်တဲ့ ကွန်ယက်တခုရှိနိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိူးရေး၊ အဲဒီဥစ္စာတွေကို ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ အဲလို မျိူးလေးတွေ တတ်နိုင်သလောက် ဆွေးနွေးမယ်၊တယောက် နဲ့တယောက်အပြန်အလှန် ဆွေးနွေးကြမယ်’’ ဟု ကိုထန်ကင်းခိုင်ကပြောသည်။
ယခုညီလာခံသည် ဇိုမီး(ချင်း)လူငယ်များအကြား ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ် သည့်ညီလာခံဖြစ် သောကြောင့် ကောင်းမွန်သော အကျိူးရလဒ်များ ပေါ်ထွက် လာ နိုင်မည်ဟုယုံကြည်ကြောင်းသူကဆက်ပြော သည်။
“အခုအနေထားမှာတော့ အများကြီးမပြောနိုင်ပေမယ့် အများကြီးမျော်လင့်ထားပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်က အဖက်ဖက်ကနေ ဒီ့ထက်မက အရာရာကို ဘယ်လို မော်ဒီဖိုင်း(Modify) လုပ်မလဲ အဲဒီ ရည်ရွယ်ချက်ပါ ဒါကြောင့် ကျနော်တို့ မျော်လင့် ထားပါတယ်’’ ဟု ၎င်းကပြောသည်။
ယမန်နေ့က စတင်ကျင်းပတဲ့ အဆိုပါ ညီလာခံကို မန္တလေးမြို့မှ တက်ရောက်လာသော ဇိုမီးလူငယ် ကို Tan Siam Nun Siam ကလည်း သူ ညီလာခံတက်ရောက်လာတဲ့ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ခိုနူမ်းထုန် သတင်းဌာနကို ယခုလိုပြောဆိုသည်။
“ ဒီပွဲက ကျနော်တို့လက်လှမ်းမှီသလောက််ပေါ့နော် ကျနော်တို့သမိုင်းမှာ တခါမှမရှိဘူးတဲ့ပွဲပေါ့၊ ပြီးတော့ ဒီလိုမျိူးနည်း နည်းပါးပါးလွတ်လပ်တဲ့နောက်ပိုင်းမှာ လွတ်လွတ် လပ်လပ်ဆွေးနွေး လို့ရတဲ့ပွဲတခုလို့မြင် တယ်ပေါ့နော်၊ ဒီဆွေးနွေးပွဲ အားဖြင့်ပေါ့ ဒီလောက်ပမာဏ လူငယ်တွေ စည်းရုံးတယ်ဆိုတာ မြင်ချင်တာပါ’’ ဟု သူကပြောသည်။
ယခုညီလာခံတွင် အခြားသော မည်သည့်အကြောင်းအရာများ ဆွေးနွေးကြမည်ဆိုတာ မသိရသေးသော် လည်း မြွေ တောင်၊ ဖားတောင်း စီမံကိန်း နှင့် ချင်းအမျိူးသားတပ်ဦးမှ တီးတိန်မြို့ပေါ်တွင်ဆက်ဆံရေးရုံး ဖွင့်လှစ်ထားသည့် ကိစ္စများကို လည်း ပြောဆိုဆွေးနွေးကြ မည်ဟု သတင်းများထွက်ပေါ်နေသည်။