မီဇိုရမ်မှ မြန်မာနိုင်ငံသား အိမ်ခြေ ၁၂၀ ကျော် မောင်းထုတ်

မီဇိုရမ်မှ မြန်မာနိုင်ငံသား အိမ်ခြေ ၁၂၀ ကျော် မောင်းထုတ်
by -
ခိုနူမ်းထုန်

မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်ကြသော Rangvamual နှင့် Phunchawng ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။

ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိ သူ များနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေး ချက်အရ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများအပါအဝင် အရက်ချက်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ  ထွက်သွားရန် အသိပေးထားပြီဖြစ်ကြောင်း ယနေ ့ထုတ် The Aizawl post သတင်းစာတွင် ဖေါ်ပြထားသည်။

“နောက်ဆုံးသတင်းအရ Phunchawng ရပ်ကွက်မှ အိမ်ခြေ ၉၀ ခန့် ပြောင်းရွေ့ကြပြီဖြစ်တယ်။ Rangvamual ရပ်ကွက်မှ အိမ်ခြေ ၃၀ ခန့်လည်း ့ ယင်းရပ်ကွက်မှ ပြောင်းရွေ့ခဲ့တယ်”  ဟု အဆိုပါ သတင်းစာတွင် ဖော်ပြသည်။

ဆက်လက်ပြီး အာဏာပိုင်များက သတ်မှတ်ထားသည့် နေ့ရက်တွင် ရပ်ကွက်မှ မပြောင်းရွေ့၊ မထွက်ခွာ သေးသည့် အိမ်ထောင်စု အခြေအနေကို ဆက်လက်စစ်ဆေးသွား မည်ဖြစ်ပြီး၊ တကယ် လို့ ရှိခဲ့ပါက ဆက်လက် မောင်းထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို ့ပြောင်းရွေ့ခံရသည့် မိသားစုများမှာ အခြားရပ်ကွက်များတွင် အိမ်ငှားနေခြင်း၊ အချို ့မိသားစုများမှာ ဆွေမျိုးအိမ်များတွင်ကပ်၍ နေကြ သည် ဟု သိရပြီး၊ တချို ့အိမ်ထောင်စုများသည် မြန်မာနိုင်ငံဘက်သို ့ ပြန်သွားသူများလည်း ရှိသည်ဟုသိရသည်။

“ဒီကိစ္စနှင့် ပတ်သက်လို ့ တချို ့အိမ်ထောင်စုတွေ ဆိုရင် မြန်မာပြည်ဘက်ကို လည်းမသွားရဲ ဖြစ်နေကြတော့ စိတ်သောကရောက်နေတယ်” ဟု ဒေသခံတဦးက ဆိုသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို ့က နေမိုင် ၂၀ ကွာဝေးသည့် Phunchawng နှင့် Rangvamual ရပ်ကွက်တွင် မြန်မာနိုင်ငံ သား တော်တော်များ များနေထိုင် ကြပြီး၊ အများစုမှာ  အရက်ချက် လုပ်ငန်းတွင် ပါ၀င်လုပ်ကိုင်ကြသည်ဟု သိရသည်။ သို ့သော် မြန်မာနိုင်ငံသား မည်၍ မည်မျှနေ ထိုင်ကြသည်ကိုမူ အသေးစိတ်မသိရှိနိုင်ပေ။

အိုင်ဇောလ်မြို ့တွင် အခြေစိုက်သော CYMA သည် ၂၀၁၃ခုနှစ် မေလ (၁၅) ရက်နေ ့တွင် ယင်းဒေသရှိ မြန်မာနိုင်ငံသားများကို ရပ်ကွတ်မှ အပြီးထွက်သွားကြရန် နှင့် အကယ်၍ မထွက်သွားပါက ၄င်းတို ့အပေါ် လုပ်ဆောင်သည့် အရေးယူမှု အပေါ် CYMA မှ တာဝန် ယူမည်မဟုတ်ကြောင်း အသိပေးခဲ့သည်။