မြန်မာနိုင်ငံသို ့တင်ပို့မည့် ဆေးပြား ရူပီးငွေ သိန်း ၃၆၀ ဖိုး မီဇိုရမ်တွင် ဖမ်းဆီး

မြန်မာနိုင်ငံသို ့တင်ပို့မည့် ဆေးပြား ရူပီးငွေ သိန်း ၃၆၀ ဖိုး မီဇိုရမ်တွင် ဖမ်းဆီး
by -
ခိုနူမ်းထုန်

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ က မြန်မာနိုင်ငံ သို ့ တင်ပို့မည့် ဆေးပြား ရူပီးငွေသိန်း ၃၆၀ ကျော်ဖိုး မီဇိုရမ်ပြည်နယ် အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။

အာဏာပိုင်များက မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မှ Champhai သို ့သွားမည့် Tata Mobile (207) ကားကို တားပြီး စစ်ဆေးခဲ့ရာ Pseudoephedrine ဆေးပြား အလုံး သိန်း ၆၀ ကျော်၊ ရှုပီး ၃,၆၉,၃၂,၄၇၁ တန်းဖိုးရှိသည့် ဆေးပြားကို သိမ်းဆည်းမိခဲ့ကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြသည်။

ကားသမားပြောကြားချက်အရ “ဆေးပြားပိုင် ရှင်ဖြစ်သူ Pathanga က ကားပစ္စည်း ဖြစ်တယ် ဆိုပြီး ၂၆ အိတ်ရှိတဲ့ ဆာလာအိတ်ကို တင်ပေးဖို့ပြောပါတယ်၊ သူကတော့ Champhai ကနေဘဲ စောင့်နေ မယ်ဆိုပြီး အခြားကားနဲ့ ထွက်သွားခဲ့တယ်။ ဆေးပြားမှန်းမသိလို့ တင်မိတာပါ” ဟု ဆိုသည်။

တရားခံကိုမူ ယခုအထိ မီဇိုရမ်အာဏာပိုင်များက မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေစပြီး Pseudoephedrine ဆေးပြား များ ရောင်းဝယ်ခြင်း ကို ခေတ် စားလာ တာဖြစ်ပြီး မီဇိုရမ်အာဏာပိုင် များကလည်း မကြာခဏ ဖမ်းဆီးသည်။ ယင်းဆေးပြား များကို အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသများမှ အရှေ ့မြောက်ဘက် ပြည်နယ် များမှ တဆင့် မြန်မာနိုင်ငံ ဘက်သို ့ တင်ပို ့ခဲ့ကြသည်။

မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံဘက်သို ့ တဆင့်တင်ပို ့လေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့်အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

အလားတူ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာ ရဲကင်းတပ်ဖွဲ့က ဆူဒိုအက်ဖီ ဒရင်းဆေးပြား ၁၆,ဝဝဝ ပြားစီပါ ၄ ထုပ်၊ ၁ဝ,ဝဝဝ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၁ဝ၆,ဝဝဝ ပြား၊ အလေးချိန် (၁ဝ.၆)ကီလို၊ စုစုပေါင်း တန်ဘိုးငွေကျပ်(၁၂,၇၂ဝ,ဝဝဝိ/-)အား အိန္ဒိယနိုင်ငံသား တဦးထံမှ ဖမ်းဆီးရမိခဲ့ သေးသည်။

Most read this week