မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့် အိမ် ၄၀ မီးရှို ့ခံရ

မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့် အိမ် ၄၀ မီးရှို ့ခံရ
by -
ခိုနူမ်းထုန်

ချင်းလူမျိုးအများစုနေထိုင်သည့် အိန္ဒိယ အရှေ ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာ အိမ်ခြေ ၄၀ လုံးအား ဒေသခံလူထုက မီးတင်ရှို ့ လိုက်သည်ဟု ကြားသိရသည်။

ဧပြီလ ၂၉ ရက် မနက်ပိုင်းက ချင်းလူမျိုး များနေထိုင်ရာ Saikhumphai ရွာ အိမ်ခြေများအား Vaphai လူထု ၁၀၀ ကျော်က ရေနံဆီပုလင်းဖြင့် မီးပစ် တင်ရှို့ ဖျက်ဆီးလိုက်ကြကြောင်း Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။

Saikhumphai-Bawk

“ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှုဖို့ Vaphai  ရွာသား အသက် ၁၅ မှ ၆၀ ကြားလူတစုက ကျတော်တို ့နေတဲ့ ရွာဘက်ကို တက်လာတယ်၊ မီဇိုရမ်ရဲတွေ ဟန့်တားနေတဲ့ အချိန်မှာဘဲ၊ Tiau ချောင်းဘက်ကနေ လူ ၁၀၀ ခန့် ထပ်ရောက်လာတော့ ရဲတွေကလည်း မတား နိုင်တော့ဘူး၊ အဲဒီလူတွေက ကျနော်တို့အိမ် တွေကိုမီး ရှိုလိုက်တယ်” ဟုအဆိုပါ ချင်းအမျိုးသား တဦးက ပြောပါတယ်။

“ငိုတဲ့သူကငို၊ ကျနော်တို့မှာ သွားစရာ၊ နေစရာကို မရှိတော့ဘူး လမ်းဘေးမှာဘဲ ငုတ်တုတ်ထိုင်နေ ကြတယ်” ဟု နေအိမ်မီးတင်ရှို့ခံရသည့် ချင်းအမျိုးသားတစ်ဦးက ဆိုသည်။

နေအိမ်မီးရှုခံလိုက်ရသည့်သူများသည် မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ခွင့် ID ကပ်ပြားရရှိထားသောပုဂ္ဂိုလ် များ ဖြစ်ကြောင်း၊ သို့သော် ကျန်ဖိုင်ခရိုင် Khawbung ကျေးရွာ ရဲမှူး Pu Lalrohlua က ၄င်းတို့အား မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် အစီရင်ခံစာ တကြိမ်ထုတ်ပြန်ခဲ့ဖူးသည်။

ထို ့အတူ  ခရိုင်တရားရုံးမှလည်း Saikhumphai ရွာသားများအား ရွာမှ ထွက်ခွါကြရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၃၁) က အမိန့်ထပ်မံထုတ်ပြန်ထားသည်။

Saikhumphai ကျေးရွာတွင် Pu Fungthanga, Vanlalkunga, Rozama, Rinmuani, Tialmenpari, Manglianhrea, Rohungliana, Lalnunthanga, Paktinthanga, Tawkruaia နှင့် Thawngliankapa မိသားစုများနေထိုင်ကြပြီး လူဦးရေအားဖြင့် (၇၃) ဦးရှိကြောင်း ရဲမှူး Lalrohlua အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သို ့သော် မီးရှို ခံရသည့် အိမ်ခြေ (၄၀) လုံး ရှိကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

Saikhumpai ရွာသူရွာသားများသည် ၁၉၆၃ မှစ၍ မြန်မာနိုင်ငံဘက်မှ ပြောင်းရွှေ့လာသည့် ချင်းလူမျိုးများ ဖြစ်သည်ဟုပြောသော်လည်း Vaphai ကျေးရွာကောင်စီက ၄င်းတို့အား  နေထိုင်ခွင့်တရားဝင်အသိ အမှတ်ပြုထားကြောင်း၊ အများအားဖြင့် တောင်ယာလုပ်ငန်းများလုပ်ကိုင်ကြကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလကလည်း အာဏာပိုင်များက ချင်းလူမျိုးအယောက် ၈၀ ခန့်အား ရပ်ရွာမှ မောင်းထုတ်ခဲ့ဖူးကြောင်း၊ ၄င်းတို့နေအိမ်များလည်း  ချိတ်ပိတ်လိုက်ကြောင်း အဓမ္မပြောင်းရွှေ့ခိုင်းခံရဖူးသည့် ရွာသားများကပြောသည်။

Most read this week