ချင်းပြည်နယ် မြို့တော်၌ ကျပ် ၁၅၀၀ တန်ဖုန်းကတ် စတင်ရောင်းချ

ချင်းပြည်နယ် မြို့တော်၌ ကျပ် ၁၅၀၀ တန်ဖုန်းကတ် စတင်ရောင်းချ
by -
ခိုနူမ်းထုန်

၂၀၁၃ခုနှစ် ဧပြီလ (၂၃)ရက်နေ ့မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည် နယ် မြို ့တော် ဟားခါးတွင် ၁၅၀၀ ကျပ် တန်ဖိုးရှိ ဖုန်းကတ် များ ရောင်း ချပေးနေပြီဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ ပြည်နယ် ဆက်သွယ်ရေးရုံး တွင် လျှောက်ထားလို သူများသည် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံ တင် မိတ္တူ (၂) ခုစီ၊ လျှောက်လွှာများဖြင့် လျှောက် ထားနေပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်စွဲဖြင့် ထုတ်ဝေ သည့် The Hakha Post သတင်းစာ တွင်ဖေါ်ပြထားသည်။

ဟားခါးမြို့တွင် ဖုန်းကတ် ရ၅၀ သာချပေးသောကြောင့် အိမ်ထောင်စု တစ်စုမှ လူတစ်ဦး စီသာ လျှောက် ထားနိုင်ပြီး အစိုးရဝန်ထမ်းများ လျှောက်ထားခွင့်မရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA 800 MHZ မိုဘိုင်းလ်ဖုန်း Sim card ကို မြန်မာကျပ်ငွေ ၁၅၀၀ ဖြင့် ဧပြီလ ၂၄ ရက်နေ ့မှ တနိုင်ငံလုံးတွင် စတင်ရောင်းချ မည်ဖြစ်ကြောင်း အစိုးရ ပိုင် မြန်မာ့ရုပ်မြင်သံကြားက တဆင့် သတင်း ထုတ်ပြန်ခဲ့ဖြစ်သည်။

ထိုမိုဘိုင်းလ်ဖုန်းကတ်တွင် ကျပ်ငွေ ၃၀၀ ပါရှိမည်ဖြစ်ပြီး ကျပ်ငွေ ၅၀၀၀ ဖိုး ကြိုတင် ငွေသွင်းကာ စသုံးနိုင် မည်ဖြစ်ကြောင်း၊ တစ်လလျင် အနည်းဆုံး ကျပ်ငွေ ၂၅၀၀ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

၁၅၀၀ ကျပ်တန် ဖုန်းကတ်ဝယ်ယူသူများက ဖုန်းကတ် ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံး မပြုနိုင်ပါက ဖုန်းလိုင်းပိတ်မည်ဖြစ်ကြောင်း၊ ဤသို ့ပြုလုပ်ခြင်းသည် မှောင်ခိုစျေး ကွတ်ကာကွယ်နိုင် ရန်အတွက်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် CDMA 800 MHz ဖုန်းကတ် အမျိုးအစားကို ရောင်းချ မည်ဖြစ်သော် လည်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် အထူးဦးစားပေးသည့်အနေဖြင့် WCDMA 3G ဖုန်းကတ် အမျိုးအစားကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ချင်းပြည်နယ် ဟားခါးမြို ့တွင်သာ WCDMA 3G ဖုန်းကတ်ကို စတင်ရောင်း ချနေကြောင်း သိရသည်။

“အခု ဟားခါးမှာဘဲ ရောင်းနေသေးတယ်၊ ကျတော်တို ့ဆီမှာလည်း ရောင်းမည်လို ့ကြားတယ်၊ ဘယ်အချိန် စရောင်းမလဲဆိုတာတော့ မသိသေးဘူး” ဟု ထန်တလန်မြို  ့မှ ဒေသခံတဦးက ဆိုသည်။

ကမ္ဘာပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မှ နှစ်ပေါင်း ၄၀ တိတိ ပြည့်ချိန်၌ပင် မြန်မာနိုင်ငံတွင် ကျပ် ၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်း ကတ်များကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်း ချပေးသည်ကို တွေ ့ရသည်။

Most read this week