မတူပီမြို ့တွင် မတူ စာပေနှင့်ယဉ်ကျေး မှုကော်မတီခေါင်းဆောင်များ ရွေးချယ်

မတူပီမြို ့တွင် မတူ စာပေနှင့်ယဉ်ကျေး မှုကော်မတီခေါင်းဆောင်များ ရွေးချယ်
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့၌ မတူစာပေနှင့် ယဉ်ကျေး မှု ကော်မတီတွင် တာဝန် ထမ်းဆောင်ရမည့် ခေါင်းဆောင်သစ် များကို ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့က ရွေးချယ် ခဲ့ကြောင်းသိရ သည်။

Untitled-1

ခေါင်းဆောင်များ ရွေးချယ်ရေးနှင့် ရှေ့လုပ်ငန်းစဉ် ချမှတ်နိုင်ရန် မတူပီမြို့ That Dun Church ၏ Batupuei Baptist Area (BBA) ရုံးခန်းတွင် အစည်းအဝေးပြု လုပ်ခဲ့ကြကြောင်းနှင့် လူ (၇၀) ခန် ့တက်ရောက်ခဲ့ကြ ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေ သည့် The Matupi Times သတင်းစာတွင် ဖေါ်ပြထားသည်။

မတူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌအဖြစ် Rev. Hai Lai Thang, ဒုတိယ ဥက္ကဌအဖြစ် Saya An Sai အတွင်းရေးမှူး၊ Pastor Kui Lung, တွဲဘက် အတွင်းရေးမှူး Saya Okla Bik နှင့် အဖွဲ ့ဝင် ၂၀ ဦးတို ့ကို ရွေး ချယ် လိုက်ကြောင်း အဆိုပါသတင်းစာက ဖေါ်ပြထားသည်။

Chin Association for Christian Community (CACC) လူကြီးများနှင့် မတူစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ခေါင်းဆောင်များတွေ ့ဆုံခဲ့စဉ် မြို့နယ်အတွင်းရှိ မတူ ဘာသာစကား သုံးစွဲနေသည့် မတူမျိုး နွယ်စုများ အနေဖြင့် ဟားခါးစာပေကို မူလတန်းအဆင့် ဘာသာတခုအဖြစ် တရားဝင်သင်ကြားရန် ချင်းပြည်နယ် အစိုးရက အတည်ပြုခဲ့သည့် ကိစ္စအား ယင်းအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

သို ့သော် မတူဘာသာ စကားသုံးစွဲသည့် မတူမျိုးနွယ်စုများ၏ ဆန္ဒအရ အစိုးရ ကျောင်းများတွင် ဟားခါးဘာသာ အစား မတူဘာသာ စကားကို ပြန်လည် သင်ကြား နိုင်ရန် သဘောတူခဲ့သည့်အတိုင်း မတူစာပေနှင့်ယဉ်ကျေးမှုကော်မတီ အစည်း အဝေးကလည်း မြို့နယ်အတွင်းရှိ အစိုးရကျောင်းများတွင် မတူဘာသာ စကား သင်ကြားနိုင်ရေးအတွက် အဓိက ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ယင်းအစည်းအဝေးသို့ မတူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ခေါင်းဆောင်များဖြစ်သည့် Rev. Bawng Thang, Rev. Thang Len, Rev. Tui Hing နှင့် ဆရာကြီး Bung Kung တို ့တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ မတူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဌာနချုပ်ကို မတူပီမြို့တွင် ထားရှိရန်နှင့် ရန်ကုန်၊ မန္တလေးနှင့် တခြားဒေသများတွင် ဖွဲ ့စည်းခဲ့သည့် မတူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီများ အနေဖြင့် ဌာနချုပ်အပေါ် ဗဟိုပြု၍ လုပ်ငန်း ဆောင်ရွက်ကြရန် သဘောတူခဲ့ကြောင်း The Matupi Times သတင်းစာ က ဖေါ်ပြထားသည်။

မတူ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ ့၌ BBA ရုံးတွင်ပြုလုပ်ပြီး ၎င်းရွေးကောက်ပွဲမှ ရွေးချယ်ခဲ့သည့် ခေါင်းဆောင်များကို ယခုအစည်း အဝေးက ပြည်လည် ရွေးချယ်လိုက်သည်။