ချင်းပြည်သူ အစာရေစာ ငတ်မွတ်မှုပြည်နယ်ကိုယ်စားလှယ်များ ကွင်းဆင်း

ချင်းပြည်သူ အစာရေစာ ငတ်မွတ်မှုပြည်နယ်ကိုယ်စားလှယ်များ ကွင်းဆင်း
by -
ခိုနူမ်းထုန်

ယခုနှစ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ ခေါင်းပါး မှုပြဿနာဖြေ ရှင်းရေး ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ၄င်းတို့ မဲဆန္ဒနယ်အလိုက် ကွင်း ဆင်းနေကြ သည်ဟု သိရသည်။

၂၀၁၂ ဒီဇင်ဘာ ၁၇-၂၁ အကြား ကျင်းပသည့် ပြည်နယ်လွှတ်တော် စတုတ္တအကြိမ်ပုံမှန် အစည်း အဝေး တွင် ထန်တ လန် မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူးလာလ်မောင်းကျုံး က တင်ပြခဲ့ရာ အစည်းအဝေးက ဆက်လက်ဆောင်ရွက်ရေး အတည်ပြုခဲ့သည်။

“ထန်တလန်မြို့နယ်မှ ကျေးရွာ ၈၆ ရွာလုံးလုံး အစာရေစာ ပြတ်လပ်နေကြတယ်၊ အခြား မြို့နယ်တွေ မှာလည်း အစာ ရေစာ ပြတ်လပ်နေကြတယ်၊ အဲဒါကို အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပရှိ အသင်းအဖွဲ့တွေ၊ ပြည်ထောင်စုအစိုးရထံ တောင်းခံပေးဖို့ တင်ပြတာပါ” ဟု ပူး လာလ်မောင်းကျုံးက ပြောသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung နဲ့အတူ မြို့နယ် အုပ်ချုပ်ရေး မှူး Pu Rum Thang တို့လည်း ဇန္နဝါရီလ ၁ ရက်နေ့က ဒေသအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ခေါ်ယူ ဆွေးနွေးခဲ့ကြ ကြောင်း ထပ်မံသိရသည်။

“ဆွေးနွေပွဲမှာ ၁၂၀ ဦးတက်ရောက်ခဲ့ကြတယ်၊ တချို့ရွာတွေက သုံးလအထိသာ စားနပ်ရိက္ခ လုံလောက် မှာဖြစ်တယ်” ဟု ဆက်ပြောသည်။

၂၀၀၅ – ၂၀၀၆ ခုနှစ်ကတည်းက ချင်းပြည်နယ်တွင် အစာရေစာ ငတ်မွတ်မှုပြသနာဖြစ်ပွားခဲ့သည်။

Most read this week